ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးဟေကိုကတော့ မိဘ‌အပေါ်သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ မိခင်ကြီးရဲ့ဘေးနားမှာနေပြီး ပြုစုပေးနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လတ်တလောမှာဆိုရင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရုံတင်နေတာဖြစ်တဲ့အပြင် နောက်ထပ်လည်းရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေတာပါနော်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

မိုးဟေကိုက သူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကနေလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားကိုရိုက်ကူးနေတာဖြစ်ပါတယ်။ယနေ့အချိန်ထိတိုင် လှပနုပျိုနေဆဲဖြစ်ပြီး နည်းနည်းလေးမှမယိုယွင်းသွားတဲ့ ခန္ဓာကိုယ်အလှကိုလည်း မိုးကပိုင်ဆိုင်ထားဆဲပါနော်။သူမကိုချစ်တဲ့ပရိသတ်တွေကလည်း မိုးရဲ့အလှအပတွေကိုချီးကျူးကြပြီး အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

မိုးဟေကိုက ကုသိုလ်ရေးဆိုလည်း‌လက်မနှေးတတ်သူဖြစ်လို့တတ်နိုင်သလောက်ကိုလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိုးက"မိဘနှစ်ပါးအားအမှူးထား၍ ပထမဦးဆုံးအကြိမ်အဖြစ် အစ်မတော် မြနန်းနွယ်ကိုဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် အစ်မတော်ရဲ့ဝတ်စုံကို မိုးစိတ်တိုင်းကျဖြစ်အောင် ချုပ်လုပ်ပေးတဲ့ဒီဇိုင်နာ ကိုမင်းသက်စံကိုလည်း ကျေးဇူးတင်ပါတယ်၇ရက်သားသမီးအပေါင်း သာဓု ခေါ်ဆိုနိုင်ကြပါစေသော်"ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

Photo Credit:RBV

Source:Moe Hay Ko's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။