MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီ ယူနိုက်တက် ယူ-၁၉ အသင်းနှင့် မြဝတီ ယူ-၁၉ အသင်းတို့ ယနေ့ ညနေ သုံးနာရီခွဲက ပဒုမ္မာကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲစဉ်မှာလည်း ဟံသာဝတီအသင်းနှင့် မြဝတီအသင်းတို့ကတော့ တစ်ဖက် တစ်ဂိုးစီ သရေကျ ခဲ့ပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

မြဝတီအသင်းအတွက် ဂိုးကို ပထမပိုင်းပွဲချိန် ၁၃ မိနစ်တွင် အသင်းခေါင်းဆောင် ကောင်းထက်လင်းက ခေါင်းတိုက်သွင်းပေးခဲ့ပြီး ဟံသာဝတီအသင်း အတွက်ဂိုးကို ပွဲချိန် ၄၄ မိနစ်တွင် စည်သူကျော်က ကန်သွင်းယူပေးခဲ့ပါတယ်။နှစ်ဖက်အသင်းလုံးကတော့ အသင်းအတွက် အဖွင့်ပွဲစဉ်တွေမှာ အနိုင်ရရှိဖို့အတွက်လိုအပ်တာကြောင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။

Photo Credit - Myanmar National League
Photo Credit - Myanmar National League

MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁) ရဲ့ အနိုင်၃ မှတ်ကိုလည်း နှစ်သင်းလုံးကတော့ မရရှိခဲ့ပါဘူး။ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် မြဝတီအသင်းတွေကတော့ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ကဲ့ချစ်ပရိသတ်ကြီးရေ ယခုမှာလည်း ဟံသာဝတီအသင်းနှင့် မြဝတီ အသင်းတို့ရဲ့ပွဲပြီးရလဒ်ကိုတင်ပြရင်း ပြန်လည်းဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myanmar National League

Source - Myanmar National League 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။