ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှတာဝန်ရှိသူများ ဖြစ်သော Mehmet Dirlik (FIFA Governance Program Coordinator)၊ Leonard Gabriel Gruter (FIFA Governance Program Coordinator) နှင့်Lavin Vigneshl (MA Development Officer)၊ Niko Nhouvannasak (Project Coordinator) တို့ပါဝင်သည့် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ရက် မှ ၁၆ရက် အထိ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏မှာ FIFA မှထောက်ပံ့ပေးထားသော FIFA Forward Program (Project) စီမံကိန်းဆောင်ရွက်နေမှုများ၊FIFA Forward Program 2.0 ဖြင့် ထောက်ပံ့ပေးထားသော ငွေကြေးသုံးစွဲနေမှုကိစ္စရပ်များကို စနစ်တကျရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစစ်ဆေးခဲ့ပါတယ်။

Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်သည့် FIFA Forward Funding များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေခြင်းရှိ၊ မရှိနှင့် ရှေ့ဆက်ပေးအပ်သွားမည့်ထောက်ပံ့ငွေများကို ပိုမိုစနစ်တကျ သုံးစွဲသွားနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးသန်းဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ဒေါ်အိရွှေစင်မျိုးထွန်း (Chief Accountant)၊ ဒေါ်နုနုဝေ (Financial Consultant)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ‌ဘဏ္ဍာရေးဌာနမှ တာဝန်ရှိသူများ၊ ပြင်ပ စာရင်းစစ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများအဖွဲ့သည် FIFA Forward Program (Project) ဖြင့် ဆောက်လုပ်နေသည့် ဖူဆယ်အားကစားကွင်း ၊ လေ့ကျင့်ရေးကွင်းသစ် တည်ဆောက်နေမှုများကို သွားရောက်စစ်ဆေးခဲ့ပြီး, တဆက်တည်း သုဝဏ္ဏဘောလုံးကွင်း မြက်ခင်းပြင်တည်ဆောက်ထားရှိမှု၊ ပြန်လည်မွမ်းမံပြင်ဆင်ထားသော ကြံ့ခိုင်ရေးခန်းမအတွင်းရှိ လေ့ကျင့်ရေးစက်ပစ္စည်းများ၊ Dressing Room များ နင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အကူအညီဖြင့်ဆောက်လုပ်ထားသော AFC Mini Pitch နှစ်ကွင်း တို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation

Photo Credit - Myanmar Football Federation

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။