ပရိသတ်ကြီးရေ မင်းသမီးချောလေးလင်းဇာနည်ဇော်ကတော့ ယနေ့အချိန်ထိတိုင်နုပျိုချောမောနေဆဲဖြစ်ပြီး သူမရဲ့တစ်ဦးတည်းသောသမီးလေးနဲ့တောင် ညီအစ်မတွေလို့ထင်မှတ်ရပါတယ်နော်။လင်းဇာနည်ဇော်က အခုထိလည်းအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ချစ်မကြီးချစ်ချစ်ဇော်နဲ့လည်း စီးပွားရေးတွေအတူတူလုပ်ကိုင်နေကာ လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က ချစ်ခင်စည်းလုံးကြလို့ သူမတို့ရဲ့စီးပွားရေးတွေကလည်း အောင်မြင်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

လင်းဇာနည်ဇော်ရဲ့သမီးချောလေးမြူလင်းကိုကိုက လက်ရှိမှာတော့သြဇီမှာကျောင်းတက်နေပြီး အသက်လည်း(၂၂)နှစ်ကိုရောက်ရှိနေပြီဖြစ်လို့ မေမေ့အတွက်အားကိုးရမယ့်သမီးလေးဖြစ်နေပါပြီနော်။မြူလင်းကိုကိုက မကြာခင်မှာကျောင်းလည်းပြီးတော့မှာဖြစ်လို့ မြန်မာပြည်ကိုပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပြီး မိသားစုတွေစုံစုံလင်လင်နဲ့ ပျော်ရွှင်စွာနေထိုင်ကြတော့မှာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

မြူလင်းလေးကိုတော့ ပရိသတ်တွေကဘိုမရုပ်လေးနဲ့တူတယ်ဆိုပြီး အရမ်းချစ်နေကြတာဖြစ်ပါတယ်။သူမကလည်း ရွှေရောင်ဆံပင်လေးရယ် ဖြူဖွေးဥနေတဲ့အသားအရည်လေးတွေကြောင့် ပြစ်မျိုးမှဲ့မထင်လှပပါတယ်နော်။တစ်ချို့ပရိသတ်တွေကလည်း မြူလင်းလေးကို လင်းဇာနည်ဇော်နဲ့တူတယ်လို့ မှတ်ချက်ပေးကြတာဖြစ်ပြီး အခုဆိုရင်လည်း လင်းဇာနည်ဇော်က သူမရဲ့သမီးချောလေးနဲ့တွဲပြီး သားအမိနှစ်ယောက်ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook
Photo Credit:Lin Zarni Zaw's Facebook

Photo Credit:Lin Zarni Zaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။