မင်းသားချောလေးဒေါင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ဒေါင်းကတော့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကြောင့် မိန်းကလေးတွေရဲ့ အသည်းကျော်လေးဖြစ်နေသူလေးပဲ ဖြစ်ပါတယ်။  

photo credit : DAUNG 's facebook
photo credit : DAUNG 's facebook

မင်းသားချောလေးဒေါင်းကတော့ ပြီးခဲ့တဲ့ လတွေတုန်းက " ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရေစကြိုမြို့နယ် ဖြုံဘူးရွာမှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ယခုမှာတော့ ဒေါင်းတစ်ယောက် ဖြုံဘူးရွာက ရိုးသားပွင့်လင်းတဲ့ တောင်သူဦးကြီးတွေကို လွမ်းဆွတ်သတိရလို့ အလွမ်းပြေဗီဒီယိုလေးတင်လိုက်ပါတယ်။

photo credit : DAUNG 's facebook
photo credit : DAUNG 's facebook

မင်းသားချောလေး ဒေါင်းကတော့ " ကျွန်တော်နှင့်ဖြုံဘူးမင်းသားများ " ဆိုပြီး လွတ်လပ်စွာ ပျော်ရွှင်ရယ်မောခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးဒေါင်းရဲ့ မမေ့နိုင်စရာပျော်ရွှင်ခဲ့ရတဲ့ ကြည်နူးစရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။

photo credit : DAUNG 's facebook
photo credit : DAUNG 's facebook

source: DAUNG 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။