ပရိသတ်ကြီးရေ.. မေမီလို့ ချစ်စနိုးခေါ်ကြတဲ့ MRTV-4 မင်းသမီးချောလေး မေမီကိုကိုကတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ အခိုင်အမာရရှိထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေများစွာကို ရိုက်ကူးထားတဲ့ မေမီကိုကိုကတော့ မကြာခင်မှာလည်း သူမအားကျချစ်ခင်ရတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မှာမို့ ပျော်နေပါတယ်နော်..။


Photo Credit – May Mi Ko Ko’s Facebook
Photo Credit – May Mi Ko Ko’s Facebook

အရမ်းRoတဲ့ ရိုမန်တစ်အချစ်ဇာတ်ကားလေးဖြစ်တဲ့ “အိပ်မက်မြစ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်တံခွန်၊ ရွှေကစ်တို့နဲ့အတူ ရိုက်ကူးမှာဖြစ်ပြီး ရွှေကစ်လေးနဲ့အနီးကပ်သရုပ်ဆောင်ရမှာမို့ အရမ်းပျော်ပြီး ရင်ခုန်တယ်ဆိုပြီး ပြောပြလာပါတယ်နော်..။

ရွှေကစ်လေးဟာ မြန်မာနိုင်ငံမှာ သူမအားကျချစ်ခင်ရတဲ့ မင်းသမီးတစ်ဦးဖြစ်သလို ရွှေကစ်လေးရဲ့ စန်းတွေ ရုပ်ပိုင်းဆိုင်ရာတွေကအစ တကယ်ကို အားကျရပြီး အခုလိုအတူတွဲသရုပ်ဆောင်ရတာကိုလည်း စိတ်လှုပ်ရှားတဲ့အကြောင်းလေးတွေကိုလည်း မေမီက ပြောပြထားပါတယ်နော်..။


Photo Credit – May Mi Ko Ko’s Facebook
Photo Credit – May Mi Ko Ko’s Facebook

ရွှေကစ်လေးနဲ့ စကားသေချာမပြောရသေးပေမယ့် ကစ်က အပြုံးပွင့်လေးတွေ ပေးလို့ ပျော်တယ် ဆိုပြီး ပြောပြထားသလို ဒီနှစ်အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့လည်း သူမရဲ့အမြင်လေးတွေကိုလည်း မျှဝေပြောပြထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ ရွှေကစ်လေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရမှာမို့ စိတ်လှုပ်ရှားပျော်နေတဲ့ အကြောင်းပြောပြထားတဲ့ မေမီကိုကိုရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – May Mi Ko Ko’s Facebook
Photo Credit – May Mi Ko Ko’s Facebook

Photo Credit – May Mi Ko Ko’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။