မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ သားတစ်ယောက်သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာကြောင့် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်နဲ့ကလေးတွေအပေါ်မှာ လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးပြီး နွေးထွေးမှုနဲ့လုံခြုံမှုတွေကိုအပြည့်အဝပေးနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ သားကြီးလေး Peach Lay က မျက်နှာဝိုင်းဝိုင်းလေးနဲ့အရမ်းချစ်စရာကောင်းတဲ့ကလေးလေးဖြစ်သလို သမီးငယ်လေးကလည်း အမေနဲ့တူလို့ ကြီးလာရင်အရမ်းချောမယ့်သမီးလေးပါနော်။သဉ္ဇာနွယ်ဝင်းကတော့ သားနဲ့သမီးရဲ့အနားမှာ အနီးကပ်နေပေးပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

ပရိသတ်တွေကတော့ သဉ္ဇာနွယ်ဝင်းရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်ပြီးအားပေးနေကြတာဖြစ်ပါတယ်။Peach Lay ကတော့ ညီမလေးကိုလည်းအရမ်းချစ်ပြီး အတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း Peach Lay ကစကားလေးတွေတီတီတာတာပြောပြီး မျက်နှာချိုချိုလေးနဲ့ရယ်မောပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

Video Credit:Steven Hla's Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။