တစ်ခေတ်တစ်ခါကတည်းက အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စိုးမြတ်သူဇာက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပါနော်။

Photo Credit:Soe Kyi Phyu's Facebook/Amazing Grace
Photo Credit:Soe Kyi Phyu's Facebook/Alinn Yaung
Photo Credit:Soe Kyi Phyu's Facebook/Amazing Grace

စိုးမြတ်သူဇာကို သူမရဲ့ချစ်ပရိသတ်တွေက မကြီးစိုးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာခြေလှမ်းတိုင်းကို စောင့်ကြည့်ပြီးအားပေးနေကြတာဖြစ်ပါတယ်။စိုးမြတ်သူဇာက သူမရဲ့မိသားစုအပေါ်မှာလည်း အစ်မကြီးအမိရာ ဆိုသလို အစစအရာရာကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အားကိုးစရာအစ်မကြီးဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

စိုးမြတ်သူဇာရဲ့အလှအပတွေဟာဆိုရင်လည်း ယနေ့ချိန်ထိတိုင် ကျက်သရေရှိတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။စိုးမြတ်သူဇာရဲ့မိခင်ကတော့ သမီးကြီးရဲ့အလှအပတွေကိုတစိမ့်စိမ့်ကြည့်ပြီး” သူ့အမေမွေး ပန်းချီရေးလေသယောင် မိုးနတ်မယ်အမေ့သမီး ရှုမငြီးပေါင်”ဆိုပြီး အမိုက်စားကဗျာလေးကိုစပ်လိုက်ပြီး သမီးကြီးရဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook/Amazing Grace

Photo Credit:Soe Kyi Phyu's Facebook

Source:Soe Kyi Phyu's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။