ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ မင်းသမီးချောလေးပိုးအိအိခန့်နဲ့ ဘောလုံးအားကစားသမားအောင်သူတို့နှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ရွှေလက်တွဲနေကြပြီး အခုချိန်မှာဆိုရင် သားသားလေးတစ်ယောက်ကိုတောင်ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။သားသားလေးကိုတော့ ပိုးအိအိခန့်တို့က ကိုကိုးလေးလို့ ချစ်စနိုးခေါ်ဝေါ်ကြကာ နာမည်အရင်းကတော့ "သွင်ဦးဟန်"လို့ပေးထားတာဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်ပျော်ရွှင်စရာကောင်းပြီး အောင်သူကလည်းအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ နွေးထွေးလုံခြုံမှုတွေပေးပါတယ်နော်။ပိုးအိအိခန့်ကတော့ အနုပညာအလုပ်တွေကိုမလုပ်ကိုင်သေးဘဲ သားသားလေးကိုသာ အနီးကပ်ပြုစုစောင့်ရှောက်ပေးတာကြောင့် ကိုကိုးလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာကာ မကြာခင်မှာဆိုရင်(၆)လပြည့်တော့မှာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပရိသတ်တွေကလည်း ပိုးအိအိခန့်တို့မိသားစုလေးကိုစောင့်ကြည့်အားပေးနေကြပြီး ကိုကိုးလေးကိုလည်းအရမ်းချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ မေမေပိုးအိအိခန့်က "မေမေ့အသဲလက်ကြိုက်လေးနေ့လည်နေ့ခင်းဆို လူပေါ်မှာ ဖက်သိပ်ရင် အဟုတ် ညောင်းမှာဆိုးလို့ ချလိုက်ရင် နိုးချင်ပီ မျက်လုံးက ...အောက်မှာ ရောက်နေမှန်းသိရင် မဲ့နေတာကြီးက ဝမ်းနည်းပက်လက် ချစ်လိုက်ရတာ မေ့သားရယ် တစ်နေ့တစ်နေ့ချစ်မဝကြီး"ဆိုပြီး သားသားလေးရဲ့ဗီဒီယိုဖိုင်လေးကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

Video Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။