ပရိသတ်ကြီးရေ ပြည်သူတွေရဲ့အချစ်တွေကို အကုန်သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ဆုတွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ ရွှေကစ်က သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထိမိလွန်းတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အားလုံးကဝိုင်းချစ်ကြပြီး အားမပေးသူမရှိလောက်အောင် ရေပန်းစားကျော်ကြားနေသူ ဖြစ်ပါတယ်။

Photo Credit:wutt hmone shwe yi instagram
Photo Credit:wutt hmone shwe yi instagram

ကစ်ကတော့ ရုပ်ရှင်ကားကြီးတွေကို အဓိကရိုက်ကူးနေတာ တွေ့ရပြီး ပွဲအခမ်းအနားတွေလည်း တက်ရောက်ကာ ပွဲတက် အမှတ်တရပုံရိပ်တွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ဆွဲဆောင်မှုရှိရှိလှရက်လွန်းနေတဲ့ ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်အကောင့် မှာဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းဟာ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ကစ်ရဲ့ ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit:wutt hmone shwe yi instagram
Photo Credit:wutt hmone shwe yi instagram

ပရိသတ်အားလုံးက ရွှေကစ်ကို ဖက်ရှင်နဲ့ အလှအပရေးရာမှာ ဘုရင်မတစ်ပါးလို့ တင်စားခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ မြင်သူတိုင်းရင်ထဲ အေးသွားစေမယ့် ကစ်ရဲ့အလှကတော့ ပရိသတ်တွေရဲ့အချစ်ကို ထပ်မံသိမ်းပိုက်သွားပြန်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေကစ်ရဲ့ချစ်စရာကောင်းတဲ့ အလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit:wutt hmone shwe yi instagram
Photo Credit:wutt hmone shwe yi instagram

Source:wutt hmone shwe yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။