Call Of Duty Mobile ဟာဆိုရင်တော့ ခုလက်ရှိ Mobile Battle Royale မှာအအောင်မြင်ဆုံးဖြစ်နေတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ The Game Award 2019 မှာဆိုရင်လဲ The Best Mobile Game ကို Call Of Duty Mobile က ရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလဲ COD Mobile ကိုဆော့နေကြမယ်လို့ထင်ပါတယ်။ ခုချိန်မှာတော့ COD ဟာ Season 3 ကို ရောက်ရှိသွားပြီးဖြစ်ကာ အသစ်ထွက်ရှိလာတဲ့ Update မှာ ဘာတွေပါလာလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 

ခုဖော်ပြသွားမဲ့ Update ကတော့ COD Mobile S3 ရဲ့ multiplayer mode နဲ့ပတ်သတ်တဲ့ အသစ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးပြောပြမှာကတော့ MO Mode မှာ မြေပုံအသစ်နှစ်ခုထပ်မံပါဝင်လာခဲ့ပါတယ်။ နာမည်တွေကတော့ Cage နဲ့ Scrapyard တို့ပဲဖြစ်ပါတယ်။ MP Mode မှာအရင်ကထက် Map တွေပိုရွှေးုပြီး ဆော့ကစားလို့ရတော့ ကိုယ့်ရဲ့မြေပုံကျွမ်းကျင်မှုကို ပိုကျွမ်းကျင်စေမှာပါ။   

New Operator Skill ဖြစ်တဲ့ H.I.V.E ဆိုတဲ့သေနတ်လဲပါဝင်ခဲ့ပါပြီ။ အဲ့သေနတ်နဲ့ပစ်လိုက်မယ်ဆိုင် Mine လိုမျိုး ထောက်ချောက်ဖြစ်နေမှာဖြစ်ပြီး ထိမိတဲ့အခါမှာ Nano Drone လေးတွေထွက်ပြီး အနီးအနားကရန်သူတွေကို ထိစေမှာဖြစ်ပါတယ်။ New Scorestreak ကတော့ XS1-Goliath ပဲဖြစ်ပါတယ်။ သူကတော့ ဝတ်လိုက်မယ်ဆိုရင် Powerful Armor နဲ့ Scythe သေနတ်ကိုစိတ်ကြိုက်ပစ်ခွင့်ရမှာဖြစ်ပါတယ်။ Rapid Fire Mode လဲပါဝင်လာခဲ့ပြီဖြစ်ပေမဲ့ အချိန်နဲ့ဖြစ်ပါတယ်။ တစ်ခုထပ်ရှိသေးတာကတော့ Map တချို့ကို ဆော့ချင်ရင် ထပ် Download ဆွဲရမှာပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။