Call Of Duty Mobile ကို ပရိသတ်တွေဆော့နကြမယ်လို့ထင်ပါတယ်။ Google Play မှာလဲ ဆုရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ခုဆဆိုရင်လဲ COD ဟာ Season 3 ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ခါ အသစ်ထွက်လာတဲ့ S3 ဟာဆိုရင်လဲ ထွက်သမျှ Season တွေထဲမှာ အကြီးမားဆုံးလို့ ပြောရပါမယ်။ အောက်မှာဆိုရင် Update နဲ့ပတ်သတ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 

ခုဖော်ပြသွားမဲ့ Update ကတော့ COD Mobile S3 ရဲ့ Battle Royale နဲ့ပတ်သတ်ပြီး အသစ်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ခု Br Mode မှာဆိုရင် ပရိသတ်တွေ ကြိုက်နှစ်သက်စေမဲ့ Mode ကြီးတစ်ခုပါလာပြီဖြစ်ပါတယ်။ Call Of Duty ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Call Of Duty : Modern Warfare ကိုကြားဖူးကြမယ်ထင်ပါတယ်။ ခုဆိုရင်တော့ အဲ့ဒီနာမည် အဲ့ဒီဂိမ်းလိုပဲ BR Mode မှာ တစ်ဘက်ကို 20 vs 20 ပစ်ခတ်လို့ရပြီဖြစ်ပါတယ်။ 

ဒီ Mode ကိုထည့်လိုက်တာဟာ COD Mobile ဂိမ်းသမားတွေအတွက်တော့ ကျေနပ်စရာပါပဲ။ ကိုယ်စိတ်ကြိုက်ပစ်ခတ်လို့ရပြီး ကိုအသင်းသားတွေနဲ့ပစ်ရတဲ့ Feel ကတော်တော်လေးကို မိုက်တယ်ဆိုတာ လုံးဝပြောနိုင်ပါတယ်။ BR Rank အတွက်ပေးတဲ့ Reward တွေကလဲ မက်လောက်စရာပါပဲ။ ဆက်လက်ပြီးတော့ Character အသစ်နှစ်ယောက်ဖြစ်တဲ့ FTL 1 နဲ့ Phantom ဟာဆိုရင်လဲ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Phantom ကတော့ Call of Duty: Infinite warfare ထဲက နာမည်ကြီး Character ဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။