ပရိသတ်ကြီးရေ သဉ္ဇာနွယ်ဝင်းရဲ့မိသားစုဘဝလေးကတော့ သာယာစိုပြေပြီး သားတစ်ယောက် သမီးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားတာကြောင့် အရမ်းကိုပျော်ရွှင်စရာကောင်းလှပါတယ်နော်။သဉ္ဇာနွယ်ဝင်းကိုချစ်တဲ့ပရိသတ်တွေကလည်း သူမရဲ့သားနဲ့သမီးကိုပါ ချစ်ကြပြီး သူတို့ရဲ့ပုံရိပ်လေးတွေကို အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

သဉ္ဇာနွယ်ဝင်းက သားနဲ့သမီးကိုသာပြုစုစောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။သားကြီးလေး Peach Layဆိုရင် ၂နှစ်ကျော်အရွယ်ကိုရောက်ရှိလာပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့အရမ်းချစ်စရာကောင်းတဲ့ကလေးလေးပါနော်။သမီးငယ်လေးကလည်း အမေတူလေးဖြစ်လို့ချစ်မွှေးလေးပါပြီး မျက်နှာလေးကအေးချမ်းကြည်လင်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက နွေးထွေးမှုအပြည့်ရှိပြီး အပြန်အလှန်ယုယကြင်နာကြလို့ အားကျဖို့ကောင်းတဲ့မိသားစုလေးပါ။အခုဆိုရင်တော့ မေမေသဉ္ဇာနွယ်ဝင်းက သားနဲ့သမီးကိုပွေ့ချီပြီး"သားလေးနဲ့သမီးလေးကိုအရမ်းချစ် ပါပါးကိုပိုလို့ချစ်"ဆိုပြီး ရေးသားထားကာ သူမတို့သားအမိသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook account
Photo Credit:Thinzar Nwewin's Facebook account

Photo Credit:Thinzar Nwewin's Facebook account

Source:Thinzar Nwewin's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။