အစားတစ်လိုင်းဘော်ဒါတို့ရေ ဒီတစ်ပါတ်မှာတော့ "Cooking for You" အစီအစဉ်ကနေ ဘဲဥငန်ပုဇွန်ကြော် ချက်ပြုတ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ ပြသပေးသွားမှာ ဖြစ်ပါတယ်။ ချက်ပြုတ် ပြသပေးမယ့်သူလေးကတော့ MLTV ရဲ့ ပင်တိုင်စာဖိုးမှူးလေးဖြစ်တဲ့ "Master Chef Myanmar (season 1) Top 3" ပြိုင်ပွဲဝင် မနီလာအောင်ဝင်းပဲ ဖြစ်ပါတယ်။

ဟင်းပွဲထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းလေးတွေကတော့ ပုဇွန်၊ ကရဝေးရွက်၊ ငရုပ်သီး၊ ကြက်သွန်ဖြူ၊ ဘဲဥငန် အစရှိတာတွေ ဖြစ်ပါတယ်။ ပထမဦးဆုံး ပြုလုပ်ရမှာကတော့ ဘဲဥငန်ကို (၇) မိနစ်ခန့် ပြုတ်ရမှာပါ။ ပြုတ်ပြီးတဲ့ ဘဲဥငန်အနှစ်တွေကို သီးသန့်ထုတ်လိုက်ပါ။ ထုတ်ပြီးရင် အဲ့အနှစ်တွေကို နုတ်နုတ်စင်းရမှာ ဖြစ်ပါတယ်။

ဘဲဥ ကဏ္ဍပြီးသွားတဲ့အခါမှာ ဆက်လက်ပြီး ပုဇွန်ကို အလည်ကနေခွဲပေးပါ။ ခွဲထားတဲ့ အထဲကို ကြက်ဥ အကာထည့်ပေးရမှာ ဖြစ်ပါတယ်။ ဆားအနည်းငယ်၊ ကော်မှုန့်အနည်းငယ်၊ ငရုပ်ကောင်း အနည်းငယ် ထည့်ပြီး နှံ့အောင်နယ်ပါ။ ဟင်းပွဲ ချက်ပြုတ်နည်းလေးရဲ့ သုံးပုံတစ်ပုံကို တင်ဆက်ပေးပြီးသွားတာကြောင့် ကျန်ရှိတဲ့ အပိုင်းလေးကို ဗီဒီယိုဖိုင်လေးမှာ ဆက်လက်ကြည့်ရှုသွားကြပါနော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။