ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "ဖို့ဒ်" မော်တော်ကား ကုမ္ပဏီရဲ့ ပဲ့ကိုင်ရှင် ဟင်နရီဖို့ဒ် "Henry Ford"ရဲ့ ငယ်ဘဝအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိမှတ်သားရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဟင်နရီဖို့ဒ်အား မက်ရှီဂန် ပြည်နယ်၊ ဂရင်းဖီးလ် မြို့၊ ဒီးယားဘွန်းမှာ ၁၈၆၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။

photo credit pngtree

ဖခင်မှာ ဝီလျံဖို့ဒ် ဖြစ်ပြီး မိခင်မှာ မေရီ ဖို့ဒ် ဖြစ်ပါတယ်။ မွေးချင်း ငါးယောက်မှာ အကြီးဆုံး ဖြစ်ပြီး ငယ်စဉ်ကတည်းက စက်ပစ္စည်းတွေနဲ့ ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ဖို့ဒ်အား အိတ်ဆောင်နာရီ တစ်လုံးဝယ်ပေးခဲ့ရာ အဲ့နာရီကို တစ်စစီ ဖြုတ်ပြီး ပြန်လည် တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာပင် သူငယ်ချင်းများနှင့် အိမ်နီးချင်းများရဲ့ နာရီဒါဇင်ပေါင်းများစွာကို ပြင်ပေးခဲ့ရာမှ ကျွမ်းကျင်သော နာရီပြင်သမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

၁၈၇၆ ခုနှစ်တွင် မိခင်ကွယ်လွန်ခဲ့သဖြင့် ဖို့ဒ်ဟာ စိတ်ပင်ပန်း ဝမ်းနည်းခဲ့ရပါတယ်။ သို့သော် ဖို့ဒ်ဟာ လောကကို အရှုံးမပေးဘဲ ဒက်ထရိုက်မြို့သို့ အလုပ်သင်စက်ပြင်သမားလုပ်ရန် ထွက်လာခဲ့ပါတယ်။ ၁၈၈၂ ခုနှစ်မှာတော့ မိသားစုပိုင်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ပြီး ဝက်စ်တင်းဟောက်စ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ရေနွေးငွေ့သုံး အင်ဂျင်များကို ကျွမ်းကျင်စွာ ကိုင်တွယ် လာနိုင်ခဲ့ပါတယ်။ အဲ့ကုမ္ပဏီကြီးက ရေနွေးငွေ့သုံး အင်ဂျင်များကို ကိုင်တွယ်ရန် ဖို့ဒ်အား ငှားရမ်းခဲ့ပါတယ်။ ဒါ့အပြင် ဖို့ဒ်က ဒက်ထရိုက် စီးပွားရေး လုပ်ငန်းကောလိပ်တွင် စာရင်းအင်း ပညာကိုလည်း သင်ယူခဲ့ပါတယ်။ ၁၈၈၈ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ကလျာ ဂျိန်းဘရိုင်ယန် (၁၈၆၆-၁၉၅၀)နှင့် လက်ထပ်ခဲ့ပြီး ယာလုပ်ငန်းနှင့် သစ်ခွဲစက် လုပ်ငန်းများကို လုပ်ကိုင် အသက်မွေးခဲ့ပါတယ်။ ၁၈၉၃ ခုနှစ်မှာတော့ တစ်ဦးတည်းသော သား အက်ဒ်စယ်ဖို့ဒ်(၁၈၉၃-၁၉၄၃)ကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။