ပရိသတ်ကြီးရေ.. မေလို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့အပြင် ချစ်စရာကောင်းတဲ့အပြုံးချိုချိုလေးတွေနဲ့ အေးချမ်းပြီး ကျော့ရှင်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးဆိုလည်း မမှားပါဘူးနော်..။

Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

ပရိသတ်အသည်းကျော်လေး မေမြင့်မိုရ်ကတော့ ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးကာ ခရီးတွေလည်းထွက်ရှိနေတဲ့မေလေးကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ရိုးမပေါ်ကကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးအတွက် စင်္ကာပူနိုင်ငံကို ရောက်ရှိနေပါတယ်နော်..။

Photo Credit - Lao Mengrai
Photo Credit - Lao Mengrai

စင်္ကာပူမှာ လျှောက်လည်ရင်း ချစ်စရာကောင်းစွာ ဓာတ်ဖမ်းထားတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း မေလေးက ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေထားပါသေးတယ်နော်..။

"Singapore မှာသွားသွားလာလာ တစ်နေ့တာ.." ဆိုပြီး လျှောက်လည်ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို မေလေးက မျှဝေထားတာပါနော်..။

Photo Credit - Lao Mengrai
Photo Credit - Lao Mengrai

Source - May Myint Mo's Facebook Account

Photo Credit - Lao Mengrai & Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။