ပရိသတ်အချစ်တော်လေး ဖြူဖြူထွေးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာမို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြူဖြူထွေးကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများလည်း တက်ရောက်ကာ ကြော်ငြာတွေလည်း ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

ရိုးသားကြိုးစားကာ ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားသူလေး ဖြစ်ပါတယ်နော်..။

သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ အခုတစ်ခါမှာလည်း လူကသာကြီးလာတာ အပြုံးတွေကတော့ အခုထိ ကလေးပဲဆိုပြီး ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံလေးတွေကို မျှဝေထားပါသေးတယ်နော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

"လူကသာကြီးလာတာ အပြုံးကတော့ခလေးပဲ.." ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ဖြူဖြုထွေးက မျှဝေထားတာပါ..။

ဒီကနေ့လေးမှာတော့ ဖြူဖြူထွေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အားလုံးက သဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေပေးသွားဖို့ မမေ့ပါနဲ့နော်..။

Photo Credit - Phyu Phyu Htwe's Facebook
Photo Credit - Phyu Phyu Htwe's Facebook

Source & Photo Credit - Phyu Phyu Htwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။