ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီဖြစ်တဲ့ ထိပ်ထားသခင်လေးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ မမဖွေးဖွေးနဲ့ ကြော်ငြာလေးတွေပထမဆုံးရိုက်ကူးခဲ့တဲ့ ထိပ်ထားသခင်လေးက အသက်ငယ်ငယ်လေးနဲ့ အနုပညာအရည်အချင်းပြည့်ဝသူလေးဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page

ဒါ့အပြင် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သမီးလေးထိပ်ထားသခင်ကို အနုပညာရှင်တွေအားလုံးကလည်း ဝိုင်းဝန်းချစ်ခင်နေကြတာ ဖြစ်ပါတယ်။ အခုလည်း ထိပ်ထားလေးက သရုပ်ဆောင်မင်းသမီးချောလေး ယွန်းယွန်းရဲ့မွေးနေ့ပါတီပွဲလေးကို တက်ရောက်ခဲ့ပါတယ်။ မမယွန်းယွန်းရဲ့မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့တဲ့ ထိပ်ထားလေးက နာမည်ကြီးအနုပညာရှင်တွေနဲ့တွဲဖက်ပြီး အမှတ်တရပုံလေးတွေလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page

အနုပညာရှင်တွေ စုံစုံလင်လင်တက်ရောက်ခဲ့တဲ့ မွေးနေ့ပါတီပွဲလေးမှာတော့ မွေးနေ့ရှင်လေးယွန်းယွန်းကလည်း အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ထိပ်ထားလေးကတော့ " မမယွန်းယွန်း ရဲ့ မွေးနေ့ပါတီလေးမှာ အမှတ်တရ မမယွန်းယွန်း ဒီထက်မက အောင်မြင်တိုးတက်ခြင်းတွေ ရယူပိုင်ဆိုင်နိုင်ပါစေ" ဆိုပြီး ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းယွန်းရဲ့မွေးနေ့ပွဲလေးကို တက်ရောက်ခဲ့တဲ့ ထိပ်ထားလေးနဲ့ အနုပညာရှင်တွေရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: ထိပ်ထားသခင် FB Page

Photo Credit- ထိပ်ထားသခင် FB Page  

Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page
Photo Credit- ထိပ်ထားသခင် FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။