ချစ်ပရိသတ်ကြီးရေ စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုများစွာရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက် ဖြစ်ပါတယ်။ ဘေဘီလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ စူးရှထက်က ပုရိသတွေကို သူမရဲ့အလှတရားတွေနဲ့ ဖမ်းစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စူးရှထက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးကိုပါ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit :ZarChi facebook Account
Photo Credit :ZarChi facebook Account

လက်ရှိမှာ စူးရှထက်က အနုပညာလှုပ်ရှားမှုတွေလည်း ဆက်လက်လုပ်ကိုင်နေသလို တတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်နေတာကိုလည်း လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မြင်တွေ့ရတာ ဖြစ်ပါတယ်။ စူးရှထက်က ပရိသတ်တွေအတွက် သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ်။ ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေ ရင်မခုန်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုအားပြင်းတဲ့ စူးရှထက်ကတော့ ပုရိသတွေရဲ့ အသည်းစွဲတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit :ZarChi Facebook Account
Photo Credit :ZarChi facebook Account

လတ်တလောမှာတော့ အမိုက်စားသီချင်းလေးတွေကြားမှာ ကလေးလေးတွေနဲ့ အတူကပြထားတဲ့ Tik Tok ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဘေဘီတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် စူးရှထက်ရဲ့ tik tok ဗီဒီယိုလေးကိုကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit :ZarChi facebook Account
Photo Credit :ZarChi facebook Account

Source & Photo Credit :Zar Chi Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။