2020 AFC Cup ခြေစစ်ပွဲ (qualifying play-offs)အဖြစ် မြန်မာနေရှင် နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဘရူနိုင်းကလပ် Indera အသင်းနဲ့ အဝေးကွင်း သွားကစားရမှာ ဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းကတော့ လက်ရှိ ၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ရန်ကုန်အသင်းအနေနဲ့ ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၉ ရက်၊ သုဝဏ္ဏကွင်းမှာ Indera အသင်းနဲ့ ဒုတိယအကျော့အဖြစ် ထပ်မံ ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့ ယခုရာသီခြေစမ်းပွဲစဉ် မှာလည်း အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေပြီးလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါက ၂၀၂၀ AFC Cup ဘောလုံးပြိုင်ပွဲဝင်ရောက်ကစားခွင့်ရမှာဖြစ်ပြီး AFC Cup အုပ်စု(F)မှာ ဗီယက်နမ် ကလပ် Hồ Chí Minh City၊ လာအိုကလပ် Lao Toyota၊ စင်ကာပူကလပ် Hougang United အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။