ML ထဲမှာဆိုရင်တော့ Hero တိုင်းဟာ သူ့ခေတ် သူအခါ ရှိခဲ့ကြပါတယ်။ အဲ့လိုမျိုးတွေကြောင့် High Rank တွေမှာ ကိုင်မရအောင် အBan ခံရတဲ့ Heroတွေများစွာရှိပါတယ်။ အဲ့ထဲမှာမှ Lancelot လဲအပါအဝင်ပါပဲ...သူပေါ်လာပြီး သိပ်မကြာဘူး Ban ကုန်ကြပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ လွတ်လွတ်လပ်လပ် ကိုင်လို့ရနေပါပြီ။ ခုချိန်ထိတော့ သူဟာ ကိုင်လို့ကောင်းပြီး အသင်းအတွက် အသုံးဝင်ပါသေးတယ်။ သူ့ကိုလဲ Buff ပေးထားတဲ့အတွက် အရင်ကထက် ပိုမို ကြမ်းလာပြီး Revamp လဲအလုပ်ခံရတော့မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ခုလက်ရှိ သူ့ရဲ့ Skill တွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Skill 1 ကတော့ ရန်သူဆိကို ဓားနဲ့ပြေးထိုးလိုက်တာဖြစ်ပြီး ပထမတစ်ချက်ထိတာနဲ့ အမှတ်တစ်ခုမှတ်လိုက်ပါတယ်။ အဲ့အမှတ်မရှိတဲ့ သူကိုထပ်ထိုးမယ်ဆိုရင် CD ဟာ ပြန်ပြည့်သွားပါလိမ့်မယ်။ ရန်သူကိုအမှတ်နှစ်မှတ် မှတ်မိရင်တော့ CD က ပုံမှန်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ ဒီနေရာမှာတော့ ကိုယ့်အနေနဲ့ ဆက်တိုက်သုံးနိုင်ဖို့အကွက်ရှာနိုင်ရ အဆင်ပြေပါပြီ။ Skill 2 ကတော့ တြိဂံပုံ ခုတ်လိုက်မှာဖြစ်ပြီး ရန်သူကို 3 ဆ ထိစေပါတယ်။ ထိချက်တိုင်းက ၁စက္ကန့်ကြာအောင် ၃ရာခိုင်နှုန်းနှေးစေမှာဖြစ်ပါတယ်။    

Ultimate ကတော့ ထိုးချက်အပြင်းစားနဲ့ ရှေ့တည့်တည့် ထိုးလိုက်တာပဲဖြစ်တယ်။ Damageတော်တော် ထိပါတယ်။ Passiveကတော့ ၁၀စက္ကန့်ကြာတိုင်းမှာ သူဟာရန်သူကို Defense မရှိအောင် ဓားနဲ့ဆက်တိုက်ထိုးစေပါမယ်။ အဲ့ချိန်မှာ သူရဲ့ထိုးချက်ဟာ Defense မရှိတဲ့ ရန်သူကို Damage ၂၀ရာခိုင်နှုန်းပိုထိစေပါတယ်။ Battle ဆိုင်ရင်တော့ အရင်ဆုံး Skill 1 ကိုသုံး ပြီး 2 ကိုသုံးပါ...အဲ့နောက် 1 တစ်ချက်ထပ်သုံးချင်သုံးပါ မသုံးချင် Ultကိုသုံးပလိုက်ပါ။ Spellတွေကြောင့် သတ်ရခတ်ပြီး ပြေးရတာလွယ်ကူစေတာမို့ ပရိသတ်ကြီးလဲ အကြိုက်တွေ့မှာပါ။  

သတင်းအရင်းမြစ် Devil Knight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။