ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ယာဉ်အိုယာဉ်ဟောင်းများထားရှိရာ အိုရန်ဂျီမန်မြို့လေးရဲ့ နယ်မြေတစ်နေရာ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ နမ်မီးဘီးယားနိုင်ငံ အိုရန်ဂျီမန် မြို့ငယ်လေးဟာ အမေရိကန် စစ်တပ်မှလွဲ၍ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ်များထားရှိတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ 

photo credit pngtree

တစ်ခါက အိုရန်ဂျီမန်ရှိ သတ္တုနယ်မြေ အတွင်းသို့ စိန်များ မှောင်ခို ခိုးထုတ်ရန် မော်တော်ယာဉ် တစ်စီးဝင်လာ ခဲ့ဖူးပါတယ်။ အဲ့ဒီမော်တော်ယာဉ်အား ပြန်ထွက်ခွင့်မပြုဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ အဲ့လိုနဲ့ အချိန်ကြာလာတာနဲ့အမျှ သတ္တုတွင်း ဧရိယာအတွင်း သံချေများတက်နေတဲ့ မော်တော်ယာဉ်များစွာ ရှိလာပါတယ်။ 

photo credit pngtree

ဒါ့အပြင် ဒုတိယ ကမ္ဘာစစ် အတွင်းက အသုံးပြုခဲ့သော တင့်ကားများ အပါအဝင် ၁၉၂၀ ပြည့်နှစ်က ထုတ်လုပ်ခဲ့သော မော်တော်ယာဉ်များရဲ့ ဟောင်းနွမ်းနေသော ပုံရိပ်တစ်ချို့ကိုလည်း ပရိသတ်ကြီး မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ထိုတင့်ကားများကို တစ်ခါက စိန်တွင်းတူးဖော်ရာ၌ မြေကြီးများ တူးထုတ်ရန် သုံးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ယခုအခါမှာတော့ နမ်ဒက်ကုမ္ပဏီက အဲ့ယာဉ်အို၊ ယာဉ်ဟောင်းများရဲ့ ပုံရိပ်တွေကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလျက်ရှိတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။