တစ်ခေတ်တစ်ခါက ကြော်ငြာများတွင်သာမက ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ သူမပါရင်ပွဲမစည်ရလောက်အောင် နာမည်ကြီးသတင်းမွှေးခဲ့သူကတော့ ဝါရင့် သရုပ်ဆောင် မင်းသားကြီး လွင်မိုးပဲ ဖြစ်ပါတယ်။ သူဟာ ယနေ့ချိန်ထိတိုင်အောင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားသူပါ။ လွင်မိုးဟာ ဇာတ်အိမ်ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကိုသာ တစ်ခါတစ်ရံ သရုပ်ဆောင်လေ့ရှိတာဖြစ်ပြီး င်္စးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook

ပရိသတ်တွေကလည်း သူ့ရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးဖြစ်သူယွန်းဝတီလွင်မိုးကိုသာမကဘဲ မြေးဖြစ်သူ Liam လေးကိုပါ ချစ်ခင်အားပေးနေကြတာပါ။ မကြာသေးခင်ရက်ပိုင်းကလည်း ပြင်ဦးလွင်တွင် ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကြီးတစ်ခုကို ဇနီးဖြစ်သူ အန်တီမေသူနဲ့အတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲအခမ်းအနားက အမှတ်တရပုံရိပ်လေးတွေကိုလည်း အန်တီမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- May Thu’s Facebook
Photo Credit- May Thu’s Facebook Myday
Photo Credit- May Thu’s Facebook Myday

အခုတစ်ခါမှာလည်း အန်တီမေသူရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အပီအပြင်ကနေတာလေးကို ချစ်ဇနီးလေးရဲ့အမိအရမှတ်တမ်းတင်ခြင်းကိုခံလိုက်ရတဲ့ လွင်မိုးရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်။

Source and Photo Credit- May Thu’s Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။