MPT Myanmar National League Youth (U-19) 2020အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂ ပွဲစဉ် အဖြစ် တောင်ဒဂုံ ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ရတနာပုံ အသင်း နှင့် ရန်ကုန် အသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ရတနာပုံအသင်း ကို ၁ - ၄ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ထိုပွဲစဉ်၌ ရန်ကုန်ယူနိုက်တက်အသင်း အတွက်အဖွင့် ဂိုးကို ပထမပိုင်းပွဲချိန် ၉မိနစ်တွင် ထက်လင်းစိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ပွဲချိန်မိနစ် ၆၀ တွင် တာယာဝင်းထက်က သွင်းယူပေးခဲ့ပြီး နောက်ထပ်အနိုင်ဂိုးများကို ပွဲချိန် ၈၀ နှင့် ၉၀ မိနစ်များတွင် ကောင်းဇင်မိုး က သွင်းယူခဲ့ပါတယ်။ ရတနာပုံအတွက်တစ်လုံးတည်းသော သွင်းဂိုးကို မိနစ် ၆၈ တွင် ဇေယျာစိုး က ခြေပဂိုးဖြင့် သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးမှာတော့ ရန်ကုန်ယူနိုက်တက်ယူ-၁၉ အသင်းက ရတနာပုံယူ-၁၉ အသင်းကို ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

Photo Credit - Myanmar National League Facebook page
Photo Credit - Myanmar National League Facebook page

ယခုပွဲစဉ် (၂) မှာလည်း ရန်ကုန်ယူနိုက်တက်ယူ-၁၉ အသင်းက အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်ပြီး ရတနာအသင်းကို ဂိုးပြတ်နဲ့ အနိုင်ရယူကာ အနိုင် ၃မှတ်ကို ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲအနေဖြင့် ကြည့်ရှုခဲ့ရမှာလည်းဖြစ်ပါတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ရန်ကုန်ယူနိုက်တက်အသင်းက နောက်ထပ်ပွဲစဉ်တွေမှာ ဘယ်အသင်းကို ဘယ်လိုအနိုင်ရယူသွားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။

Photo Credit - Myanmar National League Facebook page

Source - Myanmar National League Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။