မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ ချစ်ရတဲ့ခင်ပွန်းအောင်သူနဲ့အတူ သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ပိုးအိအိခန့်တို့စုံတွဲလေးက ချစ်ချစ်ခင်ခင်လက်တွဲလာခဲ့တာ အခုဆိုရင် သားလေးတစ်ယောက်တောင် ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။ သားလေးရရှိပြီးတဲ့အချိန်မှာတော့ ပိုးအိအိခန့်တို့ဇနီးမောင်နှံရဲ့ဘဝလေးက ပိုမိုပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

အခုအရွယ်ကတည်းက ဘောလုံးကစားရတာကို ကြိုက်နှစ်သက်နေတဲ့ အောင်သူ့ရဲ့သားလေးကိုတော့ ပရိသတ်တွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကိုကိုးလေးက ညနေဘက်ဆိုရင် ဖေဖေနဲ့အတူ ဘောလုံးကစားလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း မေမေပိုးအိအိခန့်က အတူတူဘောလုံးကစားနေတဲ့ အောင်သူတို့သားအဖရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

ပိုးအိအိခန့်က "သားက ညနေ ညနေဆို သိပ်မအားဘူးဗျ ဖေဖေနဲ့ training ဆင်းရသေးတယ် သားနဲ့တွေ့ချင်တဲ့ တီတီတို့ ဦးဦးတို့ ဖုန်းလေးကြိုဆက်ပြီးမှ လာကြနော်" ဆိုပြီး အောင်သူတို့သားအဖရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကိုကိုးလေးကတော့ ဖေဖေနဲ့အတူ ဘောလုံးကစားရတာကို သဘောတွေကျပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ အောင်သူတို့သားအဖရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Poe Ei Ei Khant's FB Acc 

Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc
Photo Credit-Poe Ei Ei Khant's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။