အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေ ထိန်းထားနိုင်သူတွေကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ပဲ ဖြစ်ပါတယ်။ သူမဟာ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကာရိုက်တာ ပီပြင်အောင် သရုပ်ဆောင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တာကြောင့်လည်း ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတာပါ။  

Photo Credit - San Htate Htar Oo's Facebook Account
Photo Credit - San Htate Htar Oo's Facebook Account
Photo Credit - San Htate Htar Oo's Facebook Account

သူမရဲ့ တစ်ဦးတည်းသော သမီးလေးဟာလည်း မိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ သမီးလေး ထိပ်ထိပ်လေးကို တစ်ခဲနက် အားပေး ဝန်းရံပေးကြတာဟာလည်း ကြည်နူးစရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။  

Photo Credit - San Htate Htar Oo's Tik Tok Account
Photo Credit - San Htate Htar Oo's Tik Tok Account
Photo Credit - San Htate Htar Oo's Tik Tok Account

သူမဟာ မကြာခဏလည်း Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ရှိတာပါ။ အခုတစ်ခါမှာလည်း Justin Bieberရဲ့ လတ်တလောမှာ နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Yummy ဆိုတဲ့ သီချင်းလေးနဲ့ စည်းချက်ကျကျကပြထားတဲ့ Tik Tok လေးကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီ Tik Tok Video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - San Htate Htar's Tik Tok Account

Photo Credit - San Htate Htar Oo's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။