တင်းရင်းလှပတဲ့အမိုက်စားခန္ဓာကို ယ်နဲ့အများနဲ့မတူထူးခြားလှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားသူလေးကတော့ ပရိတ်သတ်အချစ်တော်လေးမအေးသောင်းပါ။ သူမဟာ အနုပညာလောကထဲတွင် ကာလအတော်ကြာရပ်တည်အောင်မြင်နေတဲ့ သူဖြစ်ပြီးဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေတာပဲဖြစ်ပါတယ်။


Photo Credit-Aye Thaung's Facebook acc
Photo Credit-Aye Thaung's Facebook acc

မကြာသေးမီက မအေးသောင်းဟာ သူမရဲ့facebookစာမျက်နှာတွင် ဆုံစည်းဖို့အတွက်စိတ်ကူးယဉ်ထားပေမယ့်ခွဲ ခါဖို့အတွက်လည်းပြင်ဆင်ထားပါတယ် ကံတရားဆိုတာကိုယ်မမျှော်တာပဲဖြစ်တာတတ်တယ်မဟုတ်လား ဘာပဲဖြစ်ဖြစ်ချစ်တယ်နော် ဆိုတဲ့captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ မအေးသောင်းဟာ ရွှေရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ဆံပင်လေးကိုရိုးရိုးယဉ်ယဉ်လေးထုံးဖွဲ့ထားကာကျက်သရေရှိလွန်းလှပါတယ်နော်။ ဒါ့ပြင် မအေးသောင်းဟာ သူမရဲ့မြန်မာဆန်တဲ့ရုပ်ရည်သွင်ပြင်လေးနဲ့ မခို့တရို့ပို့စ်လေးတွေလည်းပေးနေပါသေးတယ်။

Photo Credit-Amazing Grace
Photo Credit-Aye Thaung's Facebook acc

မအေးသောင်းပါဝင်သရုပ်ဆောင်ထားတဲ့ ပုဂံမျှော်ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း မကြာခင်အချိန်တွင် ပရိတ်သတ်တွေရှေ့ကိုရောက်လာတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထွက်လာရင်ရော ပရိတ်သတ်တွေအားပေးကြမယ်မလား။ ကျက်သရေရှိစွာလှနေတဲ့မအေးသောင်းရဲ့ပုံရိပ်တွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Thaung's Facebook acc
Photo Credit-Aye Thaung's Facebook acc

Source-Aye Thaung's Facebook acc

Photo Credit-Aye Thaung's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။