ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သမီးလေးမွေးဖွားပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure ကတော့ မေမေနဲ့ချွတ်စွပ်တူပြီး ပါးဖောင်းဖောင်းလေးနဲ့အရမ်းချစ်စရာကောင်းတဲ့ကလေးလေးပါနော်။စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံကတော့ သမီးလေးရဲ့နာမည်ကို"ခင်လင်းထင်"လို့ နာမည်လှလှလေးပေးထားတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

Treasureလေးက မေမေ့ရဲ့အနီးကပ်ပြုစုစောင့်ရှောက်မှုတွေကြောင့် ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာပြီး(၆)လတောင်ပြည့်သွားပါပြီနော်။စန္ဒီမြင့်လွင်တို့မိသားစုက မကြာသေးခင်ရက်ပိုင်းအတွင်းက ငွေဆောင်ကမ်းခြေကိုခရီးထွက်ခဲ့ကြပြီး မိသားစုတွေအေးအေးချမ်းချမ်းနဲ့ အပန်းဖြေခဲ့ကြပါတယ်။စန္ဒီမြင့်လွင်တို့မိသားစုလေးက နွေးထွေးပျော်ရွှင်စရာကောင်းလို့ သူမကိုချစ်တဲ့ပရိသတ်ကြီးကလည်း သူမတို့မိသားစုပုံရိပ်လေးတွေကို စောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

Treasureလေးကတော့ တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာပြီး မေမေနဲ့လည်းပိုပိုတူလာပါတယ်နော်။အခုဆိုရင်လည်း Treasureလေးက ဖေဖေနဲ့အတူကစားရတာကို ပျော်ရွှင်နေပြီး ပြုံးရွှင်ရယ်မောနေတဲ့မျက်နှာလေးနဲ့အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။း Treasureလေးတို့သားအဖနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်ကစားနေကြတဲ့ပုံရိပ်လေးကို အမှတ်တရဓာတ်ပုံရိုက်ထားတာဖြစ်လို့ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account
Photo Credit:Sandy Myint Lwin's Facebook Account

Photo Credit:Sandy Myint Lwin's Facebook Account

Source:Sandy Myint Lwin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။