၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပြိုင်ပွဲကြို ပြင်ဆင်မှု တစ်ရပ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ယခုမှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ မန္တလေးမြို့သို့ ဇန်နဝါရီ ၁၉ရက် က ရောက်ရှိခဲ့ပါတယ်။

photo credit : Myanmar Football Federation 's facebook page
photo credit : Myanmar Football Federation 's facebook page

ဇန်နဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ မန္တလေးဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ခဲ့ပြီး ညနေပိုင်းတွင် ခြေစမ်းပွဲယှဉ်ပြိုင်မည့် မန္တလာသီရိအားကစားကွင်းတွင် လေ့ကျင့်ခဲ့ပါတယ်။ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ခြေစမ်းပွဲများကို ဇန်နဝါရီ ၂၅ရက်နှင့် ၂၈ရက်များတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

photo credit : Myanmar Football Federation 's facebook page
photo credit : Myanmar Football Federation 's facebook page

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကိုတော့ ယာယီနည်းပြချုပ်အဖြစ် လက်ထောက်နည်းပြ ဦးခင်မောင်ထွေးက တာဝန်ယူကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်။၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အိမ်ရှင် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : Myanmar Football Federation 's facebook page
photo credit : Myanmar Football Federation 's facebook page

source/ photo credit : Myanmar Football Federation 's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။