ပရိသတ်အချစ်တော် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးနဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်တို့ကတော့ အနုပညာလောကရဲ့ငွေကြယ်ပွင့်လေးတွေလို့တောင် ဆိုနိုင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးပြီး ထိပ်ဆုံးမှာနေရာယူနေတဲ့ နေတိုးတို့နှစ်ယောက်က ထပ်ဆင့်အကယ်ဒမီဆုရှင်တွေလည်း ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က အနုပညာအလုပ်တွေကို အတွဲညီညီနဲ့လုပ်ကိုင်နေကြတဲ့ အနုပညာရှင်နှစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc

အခုချိန်အထိ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အတူတူတွဲဖက်သရုပ်ဆောင်နေကြတဲ့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့နှစ်ယောက်က မကြာခင်မှာ ရုံတင်ပြသတော့မယ့် "မြက်နု" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ မနေ့ကလည်း "မြက်နု"ရုပ်ရှင်ဇာတ်ကားကြီးရဲ့ "Premiere Show " ပွဲကို သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပြီး နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့နှစ်ယောက်လုံးက အတူတူတက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc

အခုလည်း ရွှေကစ်လေးက နေတိုးနဲ့အတူလေစင်္ကြာလေးတွေကိုင်ပြီးဆော့ကစားကာ ပျော်ရွှင်နေတဲ့ဗီဒီယိုဖိုင်လေးကို သူမရဲ့ My Story မှာ မျှဝေပေးထားပါတယ်။ ဒါ့အပြင် နေတိုးက " ဒီနေ့ကြားခဲ့ရတဲ့လက်ခုပ်သံတွေအတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...ပရိသတ်များအားလုံးလဲကျေနပ်နှစ်သက်နိုင်လိုက်မယ်လို့လဲမျှော်လင့်ပါတယ် ထာဝရပါ" ဆိုပြီးလည်း ရွှေကစ်နဲ့ပွဲတက်ပုံလေးတွေကို တင်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ ရွှေကစ်တို့ပုံလေးတွေနဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit- Nay Toe's FB Acc

Video Credit- Wutt Hmone Shwe Yi's IG Story

Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc
Photo Credit- Nay Toe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။