ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ သရုပ်ဆောင်ပိုင်းလည်းထူးချွန်သလို အဆိုလည်းပိုင်နိုင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကို သူမရဲ့ချစ်ပရိသတ်တွေကတော့ မခိုင်ကြီးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာအရည်အသွေးတွေကိုတစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်က ယနေ့အချိန်ထိတိုင်အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားပြီး ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာပါ။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာဗိုလ်က သူမရဲ့အနုပညာအလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်နေတဲ့အပြင် မိသားစုကိုလည်းမလစ်ဟင်းအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေရပြီး ခေတ်ရေစီးကြောင်းနဲ့အညီ အမိုက်စားဖက်ရှင်တွေနဲ့ နုပျိုလန်းဆန်းနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာဗိုလ်ကတော့ သူမရဲ့လှပမှုတွေကို ပိုပြီးနုပျိုသွားအောင်လို့ ခွဲစိတ်မှုအသေးစားလေးတွေကိုလည်း ကိုရီးယားနိုင်ငံမှာသွားရောက်ပြုလုပ်ခဲ့ပါသေးတယ်။ယခုချိန်မှာတော့ ထွန်းအိန္ဒြာဗိုလ်ရဲ့မျက်နှာလေးက အရင်ကထက်အများကြီးပိုလှလာပေမယ့် ဘေး ကကြည့်ရင် ပါးတွေ ယောင်နေသေးတာကြောင့် မျက်မှန်တပ်ထားရတာဖြစ်ပြီး သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

Source&Photo Credit:Mi Mi Khine's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။