ရုပ်ရှင်အနုပညာလောကထဲမှာ အောင်မြင်မှုတွေကိုများစွာပိုင်ဆိုင်ထားပြီးသား မင်းသမီးချောလေးဖြစ်တဲ့ သန္တာဗိုလ်က ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်သလို အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ အနုပညာလမ်းကြောင်းမှာလျှောက်လှမ်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်က အရည်အချင်းရှိတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့သလို လက်ရှိအချိန်ထိ ပရိသတ်တွေက အားပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

အစ်မဖြစ်သူနဲ့အတူ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့တဲ့ သန္တာဗိုလ်က မော်ဒယ်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြော်ငြာ၊ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ သန္တာဗိုလ်က လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။မြင်သူတိုင်း စွဲမက်ရတဲ့ ပိန်ပိန်သွယ်သွယ် Body လှလှလေးကို ပိုင်ဆိုင်ထားတဲ့ သန္တာဗိုလ်က ပုရိသတွေရဲ့နှလုံးသားမှာ နေရာယူထားသူလည်း ဖြစ်ပါတယ်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

အဆီပိုမရှိဘဲ ချပ်လျပ်လှပတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင်လေး သန္တာဗိုလ်က အလန်းစားဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်ပြီး အမြဲတမ်းအထာကျကျ မိမိုက်နေတတ်တာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့အပြင် အကလည်းတော်တဲ့ သန္တာဗိုလ်က Tik Tok မှာလည်း ပရိသတ်အားပေးမှု အတော်လေးရရှိထားပါတယ်။ လတ်တလောမှာတော့ ပန်းနုရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှပလွန်းနေတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Thandar Bo Facebook Account
Photo Credit : Thandar Bo Facebook Account

Source & Photo Credit : Thandar Bo Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။