မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်တွေကြားမှာ နေရာယူခဲ့တဲ့အပြင် အဆိုတော်အဖြစ်လည်း သီချင်းတွေသီဆိုခဲ့သူလေး ဖြစ်ပါတယ်။ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်က မျက်နှာလေးကလည်း အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေအားလုံးက နန်းမြတ်ကို ကလေးတစ်ယောက်အမေဖြစ်တဲ့အထိ ဆက်လက်အားပေးပြီး ချစ်ခင်နေတာ ဖြစ်ပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB Acc
Photo Credit-Nann Myat Phyo Thinn's FB Acc
Photo Credit-Nann Myat Phyo Thinn's FB Acc

လက်ရှိမှာတော့ နန်းမြတ်ဖြိုးသင်းက အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်လုပ်ကိုင်ရင်း သားလေးကိုပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ အသက် (၉) လကျော်ပြီဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းရဲ့သားလေးက အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ အခုလည်း နန်းမြတ်ဖြိုးသင်းက သူမကိုတွေ့လို့ ဝမ်းသာအားရနဲ့ အပြေးလာတဲ့ သားလေး Jack Jack ရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားပါတယ်။

Photo Credit-Nann Myat Phyo Thinn's FB Acc
Photo Credit-Nann Myat Phyo Thinn's FB Acc
Photo Credit-Nann Myat Phyo Thinn's FB Acc

နန်းမြတ်က " အမေ့ကိုတွေ့လို့ပြေးလာ အသည်းတွေခြွေသူလေး " ဆိုပြီး သားလေး Jack Jackရဲ့ ချစ်စဖွယ်အမူအရာလေးကို ဗီဒီယိုရိုက်ပြီး တင်လိုက်တာပဲ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ သားလေးကိုတော့ မေမေနန်းမြတ်က တစ်နေ့တစ်ခြား အချစ်တွေတိုးနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းရဲ့သား Jack Jack ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

Source & Video Credit-Nann Myat Phyo Thinn's FB Acc 

Photo Credit-Nann Myat Phyo Thinn's FB Acc
Photo Credit-Nann Myat Phyo Thinn's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။