ပရိသတ်ကြီးရေ အကယ်ဒမီမြင့်မြတ်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပါတယ်။မြင့်မြတ်ကို ပရိသတ်တွေက စွယ်စုံရအနုပညာရှင်တစ်ယောက်လို့ တင်စားကြပြီး သူ့ရဲ့ပီပြင်ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကြောင့် တစ်ခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြင့်မြတ်ကတော့ အနုပညာအလုပ်ကိုလည်းကြိုးစားလုပ်ဆောင်သလို မိသားစုကိုလည်းမလစ်ဟင်းအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။မြင့်မြတ်က သားချောလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပြီး မြတ်သူလေးလို့ နာမည်ပေးထားတာဖြစ်ပါတယ်။ဖေဖေမြင့်မြတ်ကတော့ သားသားလေးကိုမျက်စိအောက်ကအပျောက်မခံနိုင်တာကြောင့် သူ့ရဲ့ရှုတင်တွေကိုခေါ်သွားလေ့ရှိပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

မြတ်သူလေးကလည်း တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာပြီး ဖေဖေမြင့်မြတ်နဲ့လည်းတူလာပါတယ်နော်။အခုဆိုရင်လည်း မုန့်တွေကိုအားရပါးရစားနေပြီး မျက်လုံးအဝိုင်းသားလေးနဲ့လိုက်ကြည့်နေတာကြောင့် မြတ်သူလေးရဲ့ပုံလေးတွေက အရမ်းအသည်းယားစရာကောင်းပါတယ်။ပြုံးရွှင်ရယ်မောနေပြီး ဖေဖေ့လိုပဲမျက်နှာလေးချိုတဲ့သားသားမြတ်သူရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account
Photo Credit:Myat Wai Tun's Facebook Account

Source&Photo Credit:Myat Wai Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။