မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ ပျိုမဒီလေးတွေရဲ့ ဝိုင်းဝိုင်းလည်အားပေးခြင်းနေရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပိုင်တံခွန်က ရုပ်ရည်ချောမောခန့်ညားတဲ့အပြင် ဆံနွယ်ရှည်လေးတွေနဲ့ တစ်မူထူးခြားစွာ ဆွဲဆောင်မှုရှိနေတဲ့ မင်းသားချောလေးတစ်လက် ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရတဲ့ ပိုင်တံခွန်က ထိုင်းနိုင်ငံကပရိသတ်တွေကြားမှာတောင် အောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit-Paing Takhon's FB Acc
Photo Credit-Htet Paing Ye
Photo Credit-Paing Takhon's FB Story

လက်ရှိမှာတော့ ပိုင်တံခွန်တစ်ယောက် ကြော်ငြာလေးတွေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် Photo Shooting တွေလည်း အဆက်မပြတ်ရိုက်ကူးနေရပါတယ်။ မနေ့ကလည်း ပိုင်တံခွန်က မင်းသမီးချောလေး နွယ်ဒါလီထွန်းနဲ့အတူ အနမ်းပေးနေတဲ့ ရိုက်ကွင်းဗီဒီယိုလေးကို မျှဝေခဲ့ပါသေးတယ်။ နွယ်ဒါလီထွန်းနဲ့အတူ ရိုက်ကူးရေးပြုလုပ်နေတဲ့ ပိုင်တံခွန်က အခုလည်း ပရိသတ်တွေရင်ခုန်စေနိုင်လောက်တဲ့ ပုံလေးတွေကို ထပ်မံမျှဝေထားပါတယ်။

Photo Credit-Htet Paing Ye
Photo Credit-Htet Paing Ye
Photo Credit-Htet Paing Ye

ပိုင်တံခွန်က " ကျွန်တော်စိတ်ပူတဲ့အထဲမှာ ကလေးဆန်တတ်တဲ့ မ အကျင့်လေး လည်းပါတယ်" ဆိုပြီး ကြည်နူးစရာကောင်းတဲ့ရိုက်ကွင်းပေါ်က ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေမှာတော့ ပိုင်တံခွန်က နွယ်ဒါလီထွန်းကို သေသေချာချာဂရုစိုက်ပေးနေတဲ့ ကောင်လေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ နွယ်ဒါလီထွန်းရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Paing Takhon's FB Acc

Photo Credit-Htet Paing Ye

Photo Credit-Htet Paing Ye
Photo Credit-Htet Paing Ye
Photo Credit-Htet Paing Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။