အနုပညာလောကမှာ ပရိသတ်တွေရဲ့ရင်ထဲအခိုင်အမာနေရာယူထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာနေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ကတော့ ထိပ်တန်းက ရပ်တည်အောင်မြင်နေကြတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အသည်းကျော်လေးနှစ်ယောက်ကတော့ အနုပညာအလုပ်တွေအတူတွဲဖက်လုပ်ဆောင်ကာ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေကြပြီး မကြာခင်မှာရုံတင်ပြသတော့မယ့် “မြက်နု” ရုပ်ရှင်ဇာတ်ကားမှာလည်း အတွဲညီညီသရုပ်ဆောင်ထားကြပါသေးတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုလည်း နှစ်ယောက်သား တက်ရောက်ခဲ့ကြပြီး “မြက်နု” ဇာတ်ကားကို နှစ်ယောက်အတူ ပြန်လည်ကြည့်ရင်း ပျော်ရွှင်ပီတိဖြစ်လို့ နေပါတယ်နော်..။

Red Carpet Show မှာ ချစ်ရတဲ့ပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ကြသလို ဇာတ်ကားလေးအတူကြည့်ရင်း နှစ်ယောက်သားအခွီလေးတွေပြောကာ ရယ်မော ပျော်ရွှင်နေကြတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဇာတ်ကားထဲက ကာရိုက်တာလေးအတိုင်း ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတဲ့ ရွှေကစ်လေးနဲ့ လူကြီးတစ်ယောက်လိုရင့်ကျက်တည်ငြိမ်တဲ့ နေတိုးတို့ရဲ့ ပွဲတက်ရင်း ရယ်မောနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း အားလုံးသဘောကျအချစ်ပိုနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ “မြက်နု” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို လိုက်ဖက်ညီညီ တက်ရောက်လာကြတဲ့ နေတိုးနဲ့ ရွှေကစ်လေးတို့ သူတို့နှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။