သရုပ်ဆောင်ကောင်းမွန်တဲ့အပြင် အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူကတော့ သရုပ်ဆောင်မင်းသမီးချောလေးဆုပန်ထွာပါ။ သူမဟာ ပျော်ရွှင်အားကျဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို တည်ထောင်ထားပြီး ချစ်စရာသားငယ်လေးroar roarကိုပါပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်း ဆိုလည်းရက်ရက်ရောရောလုပ်တတ်တဲ့ ဆုပန်ထွာဟာလတ်တလောတွင်အနုပညာလုပ်ငန်းတွေလည်းလုပ်ဆောင်နေတာပါနော်။

Photo Credit-Supan Htwar's Facebook acc
Photo Credit-Supan Htwar's Facebook acc

မကြာသေးမီကဆုပန်ထွာဟာ သူမရဲ့facebookစာမျက်နှာတွင် သားအဖနှစ်ယောက်အတူတူအိပ်မောကြတဲ့ပုံကိုကြည့်ရင်း သားလေးဟာ သူ့အဖေနဲ့စိတ်ဓာတ်ရော ပုံစံရောပါ အသေးစိတ်ကအစတူကြောင်းရေးသားထားပါတယ်။ ဒါ့ ပြင်roar roarလေးရဲ့နားရွက်လေးတွေထူတာကအစ အဖေနဲ့တူနေပြီး တစ်ခါတစ်လေကိုယ်မွေးထားပြီး ကိုယ်နဲ့မတူဘူးပြောရင် ရင်ထဲနာမိတာအမှန်ပါပဲလို့လည်း ဆုပန်ထွာကပြောပြထားပါသေးတယ်။


Photo Credit-Supan Htwar's Facebook acc
Photo Credit-Supan Htwar's Facebook acc

ဆုပန်ထွာဟာလတ်တလောတွင်ပွဲအခမ်းအနားများတက်ရောက်နေပြီး showပွဲများလည်း သီဆိုဖျော်ဖြေနေတာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရောဆုပန်ထွာတို့မိသားစုလေးကို ချစ်ခင်အားပေးကြတယ်မလား။ အားကျစရာကောင်းလှတဲ့ ဆုပန်ထွာတို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Supan Htwar's Facebook acc
Photo Credit-Supan Htwar's Facebook acc

Source-Supan Htwar's Facebook acc

Photo Credit-Supan Htwar's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။