ဝါရင့်သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ သရုပ်ဆောင်ပိုင်းမှာ အင်မတန်ထူးချွန်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်က ဇာတ်လမ်းတွဲတွေနဲ့ ဇာတ်ကားတွေရိုက်ကူးရင်း အနုပညာလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ ခင်ဇာခြည်ကျော်က အခုချိန်အထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Photo Credit-Khinzar Chikyaw Zar's FB Acc
Photo Credit-Khinzar Chikyaw Zar's FB Acc

ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ ခင်ဇာခြည်ကျော်က ဘုန်းမင်းနေလနဲ့ ထင်သစ္စာဆိုတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သွက်သွက်လက်လက်နဲ့ချစ်ဖို့ကောင်းတဲ့ ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးက မေမေ့ဆီကအနုပညာအမွေတွေကို ဆက်ခံထားတာဖြစ်ပါတယ်။ သားသမီးတွေနဲ့အတူ ပျော်ပျော်နေတတ်တဲ့ မေမေခင်ဇာခြည်ကျော်က ကလေးတွေနဲ့မကြာခဏဆိုသလို Tik Tok ဗီဒီယိုလေးတွေရိုက်ကူးလေ့ရှိပြီး အခုလည်း သမီးလေးနဲ့ ဗီဒီယိုလေးတစ်ခုရိုက်ကူးခဲ့ပါတယ်။

Photo Credit-Khinzar Chikyaw Zar's FB Acc
Photo Credit-Khinzar Chikyaw Zar's FB Acc

သမီးလေးနဲ့အတူ သရုပ်ဆောင်ပြထားတဲ့ မေမေခင်ဇာခြည်ကျော်ကတော့ တရုတ်သီချင်းလေးသီဆိုပြီး အိုက်တင်လေးတွေလုပ်ပြထားတာဖြစ်ပါတယ်။ အတွဲညီညီနဲ့ ရုပ်ပြောင်လေးတွေလုပ်ပြီး အပီအပြင်သရုပ်ဆောင်ထားတဲ့ ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ကတော့ အရမ်းချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေခင်ဇာခြည်ကျော်နဲ့ သမီးလေးထင်သစ္စာရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Khinzar Chikyaw Zar's FB Acc

Video Credit-Htin Thit Sar's Tik Tok Acc 

Photo Credit-Khinzar Chikyaw Zar's FB Acc
Photo Credit-Khinzar Chikyaw Zar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။