ကျယ်ပြန့် နက်နဲလှသော ပင်လယ်သမုဒ္ဒရာကြီးရဲ့ ဟိုးရေမျက်နှာပြင်အောက်မှာ လူသားတို့ ရှာဖွေတွေ့ရှိခဲ့တဲ့ အံ့သြဖွယ် အရာဝတ္ထု ပစ္စည်းတွေထဲကမှ ရှေးဂရိလူမျိုးတို့ရဲ့ ကွန်ပျူတာစက်ပစ္စည်းအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ Myanmarload page ကနေ လတ်တလော အနုပညာလှုပ်ရှားမှုတွေ၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports) အပါအဝင်၊ ဗဟုသုတ သတင်းစုံလင်ကို အမြဲတင်ဆက်ပေးနေတာကြောင့် မနားတမ်း ကြည့်ရှုခံစား အားပေးကြပါဦးနော်။

photo credit pngtree

တိုးတက်နေတဲ့ (၂၁) ရာစုခေတ်ကြီးထဲမှာ ကွန်ပျူတာ ဆိုတဲ့ စက်ပစ္စည်းကြီးကို မသုံးဖူးဘူးဆိုတဲ့ လူ တော်တော်များများလောက်ဟာ တွေ့ဖူးမြင်ဖူး ကြမှာ ဖြစ်ပါတယ်။ သို့သော် ရှေးဂရိခေတ်က ကွန်ပျူတာဆိုတဲ့ အရာကြီးကိုတော့ သာမန်လူမဆိုထားနှင့် စက်မှုလက်မှု တက်ကျွမ်းတဲ့ ပညာရှင်တွေတောင် တအံ့တသြ ဖြစ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာလောက်မှာ ဘယ်လို ဂရိ လူမျိုးပညာရှင်ကများ ဘယ်လိုနည်းပညာတွေကို အသုံးပြုပြီး ဘာအတွက်ကြောင့် တီထွင်ခဲ့သလဲဆိုတဲ့ အချက်ကပင် လူတွေရဲ့ စိတ်ဝင်စားမှု တော်တော်များများကို ရရှိနေပြီ ဖြစ်ပါတယ်။

photo credit pngtree

ရှေးဂရိတို့ အသုံးပြုခဲ့ကြတဲ့ ကွန်ပျူတာ ဆိုတဲ့ အဲ့ပစ္စည်းကြီးဟာ ကိန်းဂဏန်းတွက်ချက်တဲ့ စက်ပစ္စည်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဲ့စက်ပစ္စည်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီကတည်းက သမုဒ္ဒရာ ရေမျက်နှာပြင်အောက်မှာ တည်ရှိနေပြီး ပြည်လည်တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှုပ်ထွေးစွာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဲ့စက်ပစ္စည်းကြီးဟာ ဘယ်လို ပစ္စည်းမှန်းသဲကွဲစွာ မသိရသေးသော်လည်း အနာလော့စနစ်ဖြင့် သုံးစွဲခဲ့တဲ့ ပထမဆုံး ကွန်ပျူတာကြီးလို့ ယူဆခဲ့ကြပါတယ်။ ဘေဘီလုံသားများက အဆိုပါစက်ဟာ သင်္ချာစက်ဝိုင်းများကို အခြေတည်လျက် နေနှင့်လ ပတ်လမ်းများကို ခန့်မှန်းတွက်ချက်နိုင်ရန် ဒီဇိုင်းယူ ပြုလုပ်ထားတယ်လို့ ယုံကြည်ကြပါတယ်။ အဲ့စက်ကြီးရဲ့ မှန်ကန်သော လုပ်ဆောင်မှုဟာ ယနေ့ထိတိုင် ပဟေဠိတစ်ခုလို ဖြစ်နေပါတယ်။ ဂရိ ရှေးဟောင်းကွန်ပျူတာလို့ အမည်ပေးထားတဲ့ အဲ့စက်ကြီးကို ပင်လယ်ရေမျက်နှာပြင်အောက်မှ ၁၉၀၀ ပြည့်နှစ်တွင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။