အဆိုတော်၊ သရုပ်ဆောင် အေးမြဖြူကတော့ ငယ်စဉ်လေးကတည်းက သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ အသံပါဝါအားကောင်းပြီး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ အေးမြဖြူက "Myanmar Idol Season 4" ပြိုင်ပွဲကြီးမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာတော့ အေးမြဖြူက ပရိသတ်တွေရဲ့အားပေးမှုများစွာနဲ့ ရေပန်းစားအောင်မြင်ခဲ့တာဖြစ်ပါတယ်။

Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page
Photo Credit-Aye Mya Phyu's FB Acc

လက်ရှိမှာတော့ အေးမြဖြူအနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ကိုင်ရင်း ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆိုနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ (၂၀) ရက်နေ့က သမ္မတအိမ်တော်မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားမှာလည်း အေးမြဖြူက သီချင်းတွေသီဆိုဖျော်ဖြေခဲ့ရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အေးမြဖြူက " သမီးချစ်ရတဲ့ ဝါရင့်အဆိုတော်ကြီးများနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်" ဆိုပြီး ပုံလေးတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။

Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page

မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတဲ့ အေးမြဖြူက ဝါရင့်အဆိုတော်ကြီးတွေနဲ့ အတူ
 အမှတ်တရပုံရိပ်တွေလည်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အေးမြဖြူပါဝင်ဖျော်ဖြေခဲ့ရတဲ့ ဒီပွဲလေးကတော့ (၂၀၂၀)ခုနှစ် နှစ်သစ်ကူးတရားအလှူတော် အောင်မြင်စွာကျင်းပပြီးစီးခြင်းအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သမ္မတအိမ်တော်မှာသွားရောက်ဖျော်ဖြေခဲ့ရတဲ့ အေးမြဖြူရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-AYE MYA PHYU FB Page 

Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page
Photo Credit-AYE MYA PHYU FB Page
Photo Credit-Aye Mya Phyu's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။