MPT Myanmar National League II 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က ရှမ်းယူနိုက်တက်ယူ-၁၉ အသင်းနှင့် ယောမြေယူ-၁၉ အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်း ပွဲစဉ်မှာလည်း ရှမ်းယူနိုက်တက်ယူ-၁၉အသင်းက ယောမြေယူ-၁၉အသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

Photo Credit - Shan United's Facebook Page
Photo Credit - Shan United's Facebook Page

ရှမ်းယူနိုက်တက်အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၃၈မိနစ်မှာ အေးမင်းသူက သွင်းယူပေးထားခဲပပါတယ်။နောက်ထပ် ဂိုးများကို ပွဲချန် ၄၂ မိနစ် နှင့် ၅၃ မိနစ်တွေမှာ မျိုးကိုကိုလင်း တစ်ယောက်တည်းသွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းရဲ့ အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၀ မိနစ်မှာဟိန်းဇေယျမင်း က သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် ပြီးဆုံးချိန်မျာတော့ ရှမ်းယူနိုက်တက်ယူ-၁၉အသင်းက ယောမြေယူ-၁၉အသင်းကို ၄-ဝဂိုးဖြင့် ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့ပါတယ်။

Photo Credit - Shan United's Facebook Page
Photo Credit - Shan United's Facebook Page

ရှမ်းယူနိုက်တက်အသင်းက ယောမြေအသင်းကို ပွဲချိန်စတင်တာနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေးကစားထားတာကိုတွေ့ရပြီး ရှမ်းယူနိုက်တက်အသင်းက ဂိုးပေါက်ခြိမ်ခြောက်မှု အကြိမ်ကြိမ်ရရှိခဲ့ပေမယ့်လည်း အပိုင်အနိုင်အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။ယခုပွဲစဉ်မှာတော့ရှမ်းယူနိုက်တက်အသင်း ကယောမြေအသင်းကို ဂိုးပြတ်နဲ့ အနိုင် ၃ မှတ်ကို ရယူပြီး ပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်နော်..။ကဲ ချစ်ပရိသတ်ကြီးရေ မနေ့က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရှမ်းယူနိုက်တက်ယူ-၁၉ အသင်းနှင့် ယောမြေယူ-၁၉အသင်းတို့ ပွဲပြီး ရလဒ်တွေကိုပြန်လည်တင်ပြပေးလိုက်ပါတယ်။

Photo Credit & Source - Shan United's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။