ဒီကမ္ဘာပေါ်ကြီးမှာ သာမာန် ကလေးကစားစရာ အရုပ်တွေများစွာရှိသလို ကျွန်ုပ်တို့ မသိသေးသော "Luxury list" စိမ်ခံပစ္စည်းစာရင်းထဲဝင်တဲ့ အရုပ်ကလေးတွေဟာလည်း များစွာရှိနေပါသေးတယ်။ အဲ့ထဲကမှ ပရိသတ်ကြီးကို "Twin Hilda JDK" လို့ အမည်ရတဲ့ အမွှာပူး အရုပ်လေး အကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာပါ။ အဆိုပါ သတင်းလေး မဖော်ပြသေးခင် သတင်းတွေ အမြဲ update ဖြစ်နေရအောင် Myanmarload page လေးကို like and follow လုပ်ထားဖို့ တောင်းဆိုပါတယ်နော်။

photo credit Once A Glance Page

ကဲ အမွှာပူး အရုပ်လေးကြောင်းကို ပြန်ဆက်လိုက်ကြရအောင်နော်။ အဲ့အရုပ်လေးကို ဂျာမနီနိုင်ငံသား "Kestner" ဆိုသူက ၁၉၁၀ ခုနှစ်ဝန်းကျင်တွင် ဂျာမနီနိုင်ငံမှာလည်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့အမွှာပူးရုပ်လေးကို "Baby Jean" လို့ဆိုပြီလည်း ခေါ်ကြပါသေးတယ်။ အဲ့အမွှာပူးရုပ်လေးကို အနုပညာ လက်ရာမြောက်စွာ အသေးစိပ်ဖန်တီးထားတာဖြစ်ပြီး မြင်လိုက်တာနဲ့တင် ကြည်နူးဖွယ် ကောင်းနေတာ ဖြစ်ပါတယ်။ အဲ့အမွှာပူးရုပ်လေးရဲ့ ထူးခြားချက်နဲ့ တန်ဖိုးမြင့်မားတဲ့ အကြောင်းလေးကို အောက်မှာ ဆက်လက် ဖတ်ရှုသွားပါဦးနော်။

photo credit Once A Glance Page

"Twin Hilda JDK" လို့ခေါ်တဲ့ အဲ့အမွှာပူးအရုပ်လေးဟာ ကမ္ဘာ့ပထမဆုံး မျက်လုံး အဖွင့် အပိတ် လုပ်လို့ရတဲ့ အရုပ်လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အဲ့အရုပ်လေး မျက်လုံးအဖွင့်အပိတ် လုပ်ပြတာနဲ့တင် ကလေးတွေက လိုချင်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲ့အရုပ်လေးကို ဘယ်လောက်ပဲ ပူဆာပူဆာ မိဘတိုင်းတော့ ဝယ်ပေးနိုင်ဖို့ မလွယ်ကူပါဘူး။ ရှေးကျတဲ့ အနုပညာလက်ရာတွေနဲ့ ဖန်တီးပြုလုပ်ထားပြီး အရုပ် အရေအတွက် ရှားပါးခဲ့တာကြောင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၅၀၀ (ယခုလက်ရှိ မြန်မာငွေ သိန်း၁၀၀ကျော်) နီးပါးရှိပါတယ်။

source Once A Glance Page

photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။