ကလေးသရုပ်ဆောင်ကတည်းက ပရိတ်သတ်အားပေးမှုရရှိလာခဲ့ပြီး ယခုအချိန်ထိအောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သူလေးကတော့ သရုပ်ဆောင်မင်းသားချောလေးအိစိကွေးပါ။ သူဟာကလေးဘဝကလည်းချစ်စရာကောင်းခဲ့သလို အရွယ်ရောက်ပြီးချိ်န်မှာလည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားလေးဖြစ်လို့နေပါတယ်။ အိစိကွေးဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ကားကြီးများ ရိုက်ကူးနေပြီးပွဲအခမ်းအနားများလည်း တက်ရောက်နေတာဖြစ်ပါတယ်။


Photo Credit-Thu Rein
Photo Credit-Thu Rein

မကြာသေးမီက အိစိကွေးဟာသူရဲ့facebookစာမျက်နှာတွင် မွေးနေ့ရက်လေးမှာ ဘုရားသွားကုသိုလ်ပြုခဲ့တဲ့ပုံရိပ်တွေကိုတင်ပေးလာပါတယ်။ သူဟာ ပုဆိုးလေးနဲ့ရှပ်လက်ရှည်လေးကိုဝတ်ဆင်ထားပြီး ဘုရားမှာရေသပ္ပါယ်ရင်း ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်နော်။ အိစိကွေးဟာ ကလေးသရုပ်ဆောင်လေးအဖြစ်ကနေ ခန့်ညားချောမောပြီးယောကျာ်းပီသတဲ့ မင်းသားချောလေးဖြစ်လာပါပြီနော်။


Photo Credit-Thu Rein
Photo Credit-Thu Rein

မင်းသားချောလေးအိစိကွေးဟာ လတ်တလောတွင် အိမ်မက်မြစ်ဆိုတဲ့ရုပ်ရှင်ကားကြီးကို နာမည်ကျော်အနုပညာရှင်များနဲ့အတူရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထွက်လာရင်ရော ပရိတ်သတ်တွေအားပေးကြမယ်မလား။ မွေးနေ့ရှင်လေးအိစိကွေးရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thu Rein
Photo Credit-Thu Rein

Source-Eisi Kway's Facebook acc

Photo Credit-Thu Rein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။