လူငယ်ပရိသတ်တွေတော်တော်များများ အားပေးမှုကို ရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေး(ဟန်လေး)ကတော့ 2015-2016 Miss Universe Myanmar first runner up winnerဆု ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေအပေါ်အချစ်မလျှော့ပဲ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဝေမျှပေးနေတာလည်းဖြစ်ပါတယ်နော်။ သွယ်လျှလှပတဲ့ Bodyလေးနဲ့ စိုပြေဝင်းပတဲ့အသားအရည်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ။

Photo Credit;Nan Shwe Aye's Facebook Account
Photo Credit;Nan Shwe Aye's Facebook Account

ဟန်လေးရဲ့ လတ်တလောအနုပညာလှုပ်ရှားနေကတော့ ပွဲအခမ်းအနားတွေတက်ရောက်ဖြစ်နေပြီး အခုလည်း ပွဲတက်ရင်း ဓာတ်ဖမ်းထားတဲ့ သူမရဲ့ ချစ်စရာပုံလေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေထားပါသေးတယ်..။ လူငယ်ပီပီ နောက်နောက်ပြောင်ပြောင်နဲ့ နန်းရွှေအေး(ဟန်လေး)က”သဲလေးနဲ့ ပွဲတက်လို့ ကို ဘယ်တော့မှမျက်နှာမငယ်စေရဘူး” ဆိုပြီး စနောက်ထားတာဟာ ဆိုရင်လည်း ချစ်စရာကောင်းနေပါတယ်နော်။ မြန်မာဝတ်စုံလေးကို ရိုးရိုးယဉ်ယဉ်လေးဝတ်ကာ Caption လှလှလေးတက်ပြီး ပရိသတ်တွေအချစ်ပိုစေဖို့ ချစ်စရာစကားလေးတွေခြွေနေတာပဲ ဖြစ်ပါတယ်။သူမရယ်လိုက်ရင် တမျိုးလေးလည်းလှနေပြန်ပါတယ်နော်..။ 

Photo Credit;Nan Shwe Aye's Facebook Account
Photo Credit;Nan Shwe Aye's Facebook Account

မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေး(ဟန်လေး)ဟာ ချစ်စရာကောင်းတဲ့ ပုံလေးတွေကြောင့် ပရိသတ်ရဲ့အချစ်ကို ရရှိထားသူလည်းဖြစ်ပါတယ်။သူမရဲ့ စကားအပြောအဆိုလေးတွေကြောင့် ပရိသတ်တွေ အကြိုက်တွေ့နေသူပဲဖြစ်ပါတယ်။ဟန်လေးရဲ့ နောက်ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုတွေကိုအားပေးကြမယ်မဟုတ်လား ပရိသတ်ကြီးရေ…။ချစ်စရာကောင်းြ့ပီး Captionလှလှလေးတွေနဲ့ နန်းရွှေအေး(ဟန်လေး)ရဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit;Nan Shwe Aye's Facebook Account
Photo Credit;Nan Shwe Aye's Facebook Account
Photo Credit;Nan Shwe Aye's Facebook Account

Source;Nan Shwe Aye's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။