တိုင်းရင်းသူလေးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ မော်ဒယ်လ်သရုပ်ဆောင် နော်ဖောအယ်ထားကို ပရိသတ်တွေ အားလုံး ချစ်ခင်အားပေးကြမှာ ဖြစ်ပါတယ်။ သူမဟာ "EUSHIDO & INSIN PROFESSIONAL HAIR CARE" ဆံပင် အလှအပဆိုင်ရာ ပွဲလေးကို တက်ရောက်ခဲ့ပြီး Myanmarload TV ကနေ အင်တာဗျူးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသူမလေးပီပီ သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနှင့် အဆိုတော် ဘန်နီဖြိုးရဲ့ အခိုင်အမာ ပရိသတ်တစ်ဦး ဖြစ်ကြောင်းကို ပွင့်လင်းရိုးသားစွာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Photo credit Naw Paw Eh Htar facebook account
Photo credit Naw Paw Eh Htar facebook account

လာမယ့် february 14 valentine's day နေ့လေးမှာ အဆိုတော် ဘန်နီဖြိုးရဲ့ show ပွဲလေးကို သွား join ဖို့ရှိတယ်လို့ ပြောကြားလာပါတယ်။ အဆိုတော် ဘန်နီဖြိုးကို အနုပညာလောကထဲ မဝင်ရောက်ခင် အချိန်ကာလကတည်းက သူရဲ့ အခိုင်အမာ ပရိသတ်တစ်ဦးလို့ ဆိုပါတယ်။ တက္ကသိုလ် ဘဝတစ်လျှောက်လုံးကို ဘန်နီဖြိုးရဲ့ အလွမ်းအဆွေး သီချင်းတွေနဲ့ပဲ ဖြတ်သန်းလာတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။ အနုပညာလောကထဲသို့ ရောက်ပြီး လူချင်းရင်းနှီးသွားတဲ့အခါမှာတော့ အကြံဉာဏ်တွေ ပေးဖြစ်ခဲ့ပါတယ်တဲ့နော်....။

photo credit Bunny Phyoe Facebook account
photo credit Bunny Phyoe Facebook account

"ကိုဘန်နီက ကြိုးစားအားထုတ်မှု အရမ်းများတယ်၊ အရမ်းလည်း creative လည်းဖြစ်တယ် ဒါကြောင့် သူရဲ့ show ပွဲလေးကို လူကိုယ်တိုင် သွားရောက် support ပေးမှာပါ"။ "နော်ဖောရဲ့ အမြင်မှာတော့ သူက ဘယ်ကိစ္စမဆို သေချာလေးလုပ်တယ်၊ နာမည်လေးတစ်ခု အပေါ်မှာလည်း သေချာလေး ထိန်းသိမ်းထားတယ်၊ သီချင်းတွေကိုလည်း အမြဲ သပ်သပ်ရပ်ရပ်လေး ဖန်တီးတယ်၊ show ပွဲလေးအတွက် အရမ်းပင်ပန်ခံပြီး ကြိုစားနေတာ မြင်ရတော့ အရမ်းအားကျတယ်ဆိုပြီး" ပြောပြလာပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ သူငယ်ချင်းတွေနဲ့ပဲ အပြင်သွားလိုက် မုန့်စားလိုက် လုပ်နေပါတယ်။ 2020 မှာ အသစ်သစ်သော အနုပညာဖန်တီးမှုတွေကို ချပြသွားဖို့ရှိတယ်လို့ စကားလက်ဆောင်ပါးသွားပါတယ်။

Photo credit Naw Paw Eh Htar facebook account

photo credit Bunny Phyoe Facebook account 

Photo Credit Khant Nyar Thaw Photography
Photo credit Naw Paw Eh Htar facebook account

Photo credit Naw Paw Eh Htar facebook account

photo credit Bunny Phyoe Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။