Admin ကိုယ်တိုင်လည်း ပေါင်ချိန်ဇာတ်ကားကို နှစ်သက်သူဖြစ်လို့ ပရိသတ်တွေကို ပေါင်ချိန်ဇာတ်ကားရဲ့ နောက်ကွယ်က သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီး ပြန်လည်မျှဝေပေးချင်ပါတယ်။

(၁၉၉၃)ခုနှစ် က စပြီး ထွက်ရှိခဲ့တဲ့ ပေါင်ချိန်ဇာတ်လမ်းတွဲတွေ ဟာ အာရှတစ်လွှားက ပရိသတ်တိုင်းကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာ့အသံရုပ်မြင်သံကြားမှာလည်း ပြန်လွှင့်ပေးနေလို့ ခုခေတ်ကလေးတွေကတော့ ပထမဆုံးကြည့်ဖူးပေမယ့် လူကြီးတွေအတွက်တော့ ဘယ်နှစ်ခါခါပြန်ကြည့်ကြည့်မရိုးသေးပါဘူး။

အဓိက လူကြိုက်အများဆုံး ဇာတ်ကောင်တွေဖြစ်တဲ့ ပေါင်ချိန် ၊ကျန်ကျောင်း ၊ ကုန်းစွန်းချဲ တို့(၃)ဦးအကြောင်းလေး သိထားသလောက် ပြောပြပေးချင်ပါတယ်။

တရားသူကြီး ပေါင်ချိန်အဖြစ် အောင်မြင်ကျော်ကြားခဲ့တဲ့ ထိုင်ဝမ်မင်းသား Jin Chao Chun ဟာ လက်ရှိမှာ အသက်(၆၅)နှစ်ရှိပြီဖြစ်သလို ပေါင်ချိန်ဇာတ်ကားနဲ့ အရှေ့တောင်အာရှ ရဲ့ လူအကြိုက်များဆုံးဇာတ်ကောင်အဖြစ် Golden Bell ဆုကို ရရှိခဲ့ပါတယ်။

သူဟာ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်သလို ရုပ်မြင်သံကြားအစီအစဉ် ထုတ်လွှင့်သူ ၊ဇာတ်ညွှန်းရေးဆရာ အဖြစ်လည်း လက်ရှိလုပ်ကိုင်နေသူပါ။ ပေါင်ချိန်ဇာတ်ကားထဲမှာမဟုတ်ပဲ အပြင်ကရုပ်ရည်ကတော့ ဖွေးစွပ်ပြီး ကတုံးလေးနဲ့ပေါ့။ ပေါင်ချိန်မင်းသားကြီးကတော့ နံပတ်တစ် ဇာတ်ဆောင်ကြီးပေါ့။

ဒီဇာတ်လမ်းတွဲမှာ အရမ်းချောလွန်းလို့ ခုခေတ် ကိုရီးယားမင်းသားတွေလိုပဲ ကောင်မလေးတွေသဲသဲလှုပ်ရသူကတော့ ကျန်ကျောင်းပါ။ ပေါင်လူကြီးမင်းရဲ့ အဆင့်(၄) ကိုယ်ရံတော် ကျန်ကျောင်းအဖြစ် သရုပ်ဆောင်သူကတော့ လက်ရှိမှာအသက်(၅၇)နှစ်အရွယ် ဟောင်ကောင်မင်းသား Kenny Ho ဖြစ်ပါတယ်။ 

ရုပ်ဖြောင့်လွန်းလို့ သူ့ပုံပါတဲ့ ကျန်ကျောင်းအိတ်တွေဆိုပြီး မြန်မာမှာ ခေတ်စားလိုက်သေးတယ်လေ။ သူဟာ ရုပ်ရှင်မင်းသားတစ်ယောက်သာမက အဆိုတော်တစ်ဦးဆိုလည်းမမှားပါဘူး။ အနုပညာလောကထဲခြေမချခင် သူတကယ်လုပ်ချင်ခဲ့တာက တက္ကသိုလ်မှာ ဘောလုံးသမားတစ်ယောက်ပါတဲ့။ 

ဒါပေမယ့် အရည်အချင်းမမီလို့ မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ နာမည်ကျော်မင်းသမီးနှစ်ယောက်နဲ့လည်း ချစ်ကြိုက်ခဲ့ဖူးပေမယ့် နောက်တစ်ယောက်နဲ့ (၄)နှစ်အကြာမှာ လမ်းခွဲခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီမင်းသားကတော့ အခုချိန်ထိသာ အရင်လို နုပျိုနေသေးရင် အခုခေတ်ကောင်မလေးတွေပြောပြောနေတဲ့ ကိုရီးယားမင်းသားအဆိုတော်တွေထက် ပိုပြီးလူကြိုက်များဦးမှာပါ။

နောက်ဆုံးတစ်ယောက်ကတော့ ပေါင်ချိန်ဇာတ်ကားမှာ ဆေးပညာအရမ်းတော်တဲ့ တိုင်းရင်းဆေးသမားတော်၊ စာပေသမား ကုန်းစွန်းချဲအဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီးပေါ့။

သူကတော့ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မွေးဖွားပြီး အသက်(၇၀)ရှိပြီဖြစ်တဲ့ Fan Hung- Hsuan ပါ ။ သူကလည်း နာမည်ကျေ်ာထိုင်ဝမ်မင်းသားတစ်လက်ဖြစ်သလို (၂၀၁၅)အထိ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါင်းကလည်း မနည်းလှပါဘူး။

ပေါင်ချိန်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေဖော်ပြပေးပြီးဆိုတော့ မသိသေးတဲ့သူတွေအတွက် ရှဲပေးလိုက်ပါဦးနော်။

နောက်ထပ်ဘာတွေသိချင်သေးလဲပြောခဲ့ အချိန်ရရင် တင်ပေးပါ့မယ်နော်

Sandi

သတင်းအရင်းမြစ် Ref : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။