ပရိသတ်တွေရဲ့ ချစ်ခင်အားကျမှုတွေကို ရရှိထားတဲ့ စုံတွဲလေးကတော့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အမြဲလိုလိုလည်း မိသားစုပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာပါ။ 

Photo Credit- Poe Ei Ei Khant’s Facebook Account
Photo Credit- Poe Ei Ei Khant’s Facebook Account
Photo Credit- Poe Ei Ei Khant’s Facebook Account

သူတို့ရဲ့ သားလေး ကိုကိုးလေးဟာလည်း တစ်နေ့ထက်တစ်နေ့ပိုပိုပြီး လည်လွန်းလာပြီး ပါးလေးဖောင်းကစ်ကစ်လေးတွေကြောင့် ဖေဖေနဲ့မေမေတို့က မျက်စိအောက်က အပျောက်မခံနိုင်အောင်ကို ချစ်နေရတာပါ။ သားလေးဟာ အခုတည်းက ဘောလုံးလေးတွေနဲ့ ကစားရတာကို နှစ်သက်သဘောကျနေပြီး ဖေဖေ့ရဲ့ဘောလုံးကစားသမားအမွေကို ဆက်ခံမယ့်သူလေးလို့တောင် ပရိသတ်တွေက မှတ်ချက်ပေး ပြောကြားနေကြတာပါ။  

Photo Credit- Poe Ei Ei Khant’s Facebook Account
Photo Credit- Poe Ei Ei Khant’s Facebook Account
Photo Credit- Poe Ei Ei Khant’s Facebook Account

အခုမှာလည်း ပိုးအိအိခန့်ရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစိပါတယ်။ ဒါကတော့ သားလေးကိုရင်မှာပိုက်ချီကာ ရွှေတိဂုံဘုရားသွားရောက်ဖူးမျှော်နေတဲ့ အောင်သူရဲ့ Video လေးပါ။ သားလေးဟာ ဖေဖေရင်ခွင်လေးမှာ တစ်စက်လေးတောင် မငိုပဲ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Poe Ei Ei Khant’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။