ပရိသတ်ကြီးရေ ပိုးအိအိခန့်တို့မိသားစုလေးကတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်။ပိုးအိအိခန့်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးကလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတွေဖြစ်ကြပြီး ပိုးအိအိခန့်ကတော့ သားသားလေးမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုခဏရပ်နားထားကာ ကိုကိုးလေးကိုသာ သေချာဂရုစိုက်စောင့်ရှောက်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

အောင်သူကလည်း သူ့ရဲ့မိသားစုအပေါ်ကို လုံခြုံနွေးထွေးမှုတွေအပြည့်ပေးပြီး ချစ်ဇနီးနဲ့သားလေးကို လိုလေသေးမရှိအောင်ဂရုစိုက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ကိုကိုးလေးကတော့ အခုဆိုရင် (၆)လအရွယ်ကိုရောက်ရှိလာပြီး မေမေ့ရဲ့ပြုစုစောင့်ရှောက်မှုတွေအောက်မှာ ပါးဖောင်းဖောင်း၊မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းအောင်ကြီးပြင်းလာတာကြောင့် ပရိသတ်ကြီးကလည်းအရမ်းချစ်နေရတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

ပိုးအိအိခန့်ကတော့ သားဦးလေးမို့ အရမ်းချစ်ပြီးအသေးစိတ်ကအစသေချာဂရုစိုက်နေတာပါ။အခုဆိုရင်လည်း ပိုးအိအိခန့်က"ကျွန်မ - မေကြီး သမီးသားလေးနဲ့ ပြတင်းပေါက်နား မကပ်ပါနဲ့ သမီးအသဲယားလို့ပါ .......ကျွန်မအမေ - အေးပါ ဝက်မရယ် ဘာပြောရမှန်းမသိ ဆွံ့အသွားတယ် "ဆိုပြီးရေးသားထားကာ သားသားလေးနဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်မျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account
Photo Credit:Poe Ei Ei Khant's Facebook Account

Photo Credit:Poe Ei Ei Khant's Facebook Account

Source:Poe Ei Ei Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။