Mrtv-4ရုပ်သံဇာတ်လမ်းတွဲများနဲ့ ပရိတ်သတ်အားပေးမှုရရှိလာပြီး ကျက်သရေရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေးမေမြင့်မိုရ်ပါ။ သူဟာ ရုပ်သံဇာတ်လမ်းတွဲများနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ယခုဆိုရင်ရုပ်ရှင်ကားကြီးများပါ ရိုက်ကူးအောင်မြင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင် မင်းသမီးချောလေးမေမြင့်မိုရ်ဟာ rising star awardဆုကိုလည်း ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိထားတာပဲဖြစ်ပါတယ်။
မကြာသေးမီက မေမြင့်မိုရ်ဟာသူ့ရဲ့facebookစာမျက်နှာတွင် မင်းရှိတဲ့နေရာ မင်းရှိတဲ့ကမ္ဘာမှာပဲနေချင်သူဆိုတဲ့ captionလေးနဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ သူမဟာ အနက်ရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ပန်းလေးတွေနဲ့အပြိုင် လှနေတာပါနော်။ မေမြင့်မိုရ်ရဲ့အလှတရားကတော့ ဘယ်ချိန်ကြည့်ကြည့်ကိုမရိုးနိုင်တဲ့အလှမျိုးလေးပဲဖြစ်ပါတယ်။
မေမြင့်မိုရ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကြောက်ကြောက်ကြောက်၂ ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း ပရိတ်သတ်တွေကြားထဲမှာ အောင်မြင်မှုများစွာရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရော မေမြင့်မိုရ်လေးကိုပိုချစ်ပေးကြမယ်မလား။ ကျက်သရေရှိစွာလှနေတဲ့ မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Source-May Myint Mo's Facebook acc
Photo Credit-May Myint Mo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။