ပရိသတ်တွေရဲ့အချစ်တော် ရွှေမင်းသမီးလေးဖြစ်တဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်ကတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲထိပ်တန်းမင်းသမီးတစ်လက်ဆိုတာ ပရိသတ်တွေကို အထူးတလည်ပြောပြနေဖို့ မလိုတော့ပါဘူးနော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်အချင်းချင်းတွေကပါ ချီးကျူးကြတဲ့ ရွှေကစ်လေးကတော့ မြန်မာပြည်ရဲ့ အသည်းကျော်လေးဖြစ်သလို ပြည်ပနိုင်ငံတွေက ဂုဏ်ပြုပေးအပ်တဲ့ ထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ထားသူလေးပါပဲ..။


Photo Credit - Li John Photography
Photo Credit - Li John Photography

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်း အဆက်မပြတ်ရိုက်ကူးကာ ကြီးကျယ်တဲ့အခမ်းအနားပွဲတော်တော်များများမှာလည်း မပါမဖြစ်တတ်ရောက်နေတဲ့ ရွှေကစ်လေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကမ္ဘာကျော် ပြင်သစ်ကား brand တစ်ခုဖြစ် တဲ့ Peugeot ရဲ့ Grand Opening ကိုလည်း အထူးဧည့်သည်အနေနဲ့ တက်ရောက်ခဲ့ပါသေးတယ်..။

ချစ်စရာကောင်းတဲ့ ပရိသတ်အသည်းကျော်လေး ရွှေကစ်ကတော့ Peugeot ရဲ့ Grand Opening ပွဲကို တက်ရောက်ရင်း အချိန်တော်တော်ကြာ သူမကိုယ်တိုင် ကားမမောင်းဖြစ်သေးတဲ့အကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်..။


Photo Credit - Li John Photography
Photo Credit - Li John Photography

ဗေဒင်က ကားမမောင်းခိုင်းလို့ သူမကိုယ်တိုင် ကားမမောင်ဖြစ်တာ (၄၊ ၅၊ ၆)လလောက် ကြာနေပြီး အရင်က တစ်ခါတစ်လေ ကော်ဖီလေးဘာလေး သွားသောက်တဲ့အချိန်နဲ့ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အချိန်တွေဆို ကိုယ်တိုင်ကားမောင်းဖြစ်ပေမယ့် အခု မမောင်းဖြစ်တာ အရမ်းကြာပြီ ဆိုပြီး ရွှေကစ်လေးက ရယ်မောကာ ချစ်စဖွယ်လေး ပြောပြထားတာပါ..။

ရွှေကစ်လေးက ကားဆိုရင် အရောင်တောက်တောက်လေးကို ကြိုက်တာမို့ သူများစီးရင်ကြိုက်ပေမယ့် သူမအနေနဲ့ကျတော့ အရမ်းသိသာလို့ အရောင်တောက်တောက်လေးတွေကို သိပ်မစီးချင်လို့ မစီးဖြစ်တဲ့အကြောင်းလေးကိုလည်း ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Li John Photography
Photo Credit - Dior By Heart

Photo Credit - Li John Photography & Dior By Heart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။